22.8.13

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုး မှုများဖြစ်ပေါ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မိုးအဆက် မပြတ်ရွာသွန်း မှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ ရွှေပြည်သာမြို့နယ် အင်းပေါက်စုရပ် ကွက်ရှိ လူနေအိမ်ခြေ ၅၀
ခန့်အနက်မှ ပြောင်း ရွှေ့သင့်သူ မိသားစု ၁၈ စု လူဦးရေ ၆၃ ဦးအား ဇီးကုန်းကျေးရွာရှိ ရွှေမြို့ဝင် ကျောင်းတိုက် ဓမ္မာရုံသို့လည်းကောင်း၊ အမှတ် (၁/၅၈) ရပ်ကွက်ရှိ လူနေ အိမ်ခြေ ၃၀၀ ရှိ လူဦးရေစုစုပေါင်း ၉၅၀ တို့အား အမှတ်(၁)ရပ်ကွက် ကိုးနဝင်း ဓမ္မာရုံသို့ လည်းကောင်း၊ (ဒ/၁၇)ရပ်ကွက်ရှိ လူနေအိမ်ခြေ ၆၁၀ ရှိ လူဦးရေ ၂၃၀၀ ခန့်အား ရေလွတ်ရာ အလက (၆) ကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့နေရာချထား ပေးခဲ့ကာ မိသားစုများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ များမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အလိုက် လှိုင်မြို့နယ် (၁၅)ရပ်ကွက်ရှိ တပ်မြို့ စည်ပင်ဝင်းနှင့် (၁၆)ရပ် ကွက်ရှိ မာဃ (၁၀) လမ်း တွင် လူနေအိမ်ခြေ စုစုပေါင်း ၁၀၃ လုံးရေနစ်မြုပ်ခဲ့ သဖြင့် ပြောင်းေ ရွှ့ ရခြင်း၊ ပျက်စီးဆုံးရှုံးခြင်းမရှိသော်လည်း ရေတက် မှုကြောင့် ထမင်းချက်ပြုတ်မရသဖြင့် ရပ်ကွက်ရှိ ပြည်သူများက ထမင်းထုပ်များ ဝေငှ ပေးလျက်ရှိသည်။

အင်းစိန်မြို့နယ် ကမ်းနားအလယ် ရပ်ကွက် သီရိရတနာလမ်းရှိ အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်း အတွင်း သို့လည်းကောင်း၊ သာကေတ မြို့နယ်အတွင်းရှိ အလက(၆) ကျောင်း နှင့် အမက(၇/၉/၁၅/၂၀/၂၅/၃၂) ကျောင်းများ အတွင်းသို့ လည်းကောင်း ရေများဝင်ရောက်ခဲ့ သဖြင့် ကျောင်းများ ခေတ္တပိတ်ထားခဲ့ရသည်။

လှိုင်သာယာမြို့နယ် သောင်ကြီး နယ်မြေရဲစခန်းရုံးနှင့် ရဲစခန်းဝင်း အတွင်းသို့ ရေများဝင်ရောက် လျက် ရှိ ကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်နှင့် (ခ)၊(ဂ)၊(ဃ)၊(င)၊ (စ)၊(ဆ)၊(ဇ)၊(ဋ)ရပ်ကွက်များရှိ လမ်းများ ပေါ်တွင်လည်း ရေတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

(စိုးဝင်း-MLA)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

0 comments:

Post a Comment