22.8.13

လင်းနို့လူသားမင်းသားသစ် - Ben Affleck

တရားဝင်ကြေညာလိုက်ူပြီ ဖြစ်ပါတယ်။ နံပါတ် ၆ မြောက်ထွက်မယ့် လင်းနို့လူသား ရုပ်ရှင်ထဲမှာ ပါဝင်မယ့် မင်းသားဟာ Ben Affleck ဖြစ် ကြောင်း သိရ ပါတယ်။


ယခု ဇာတ်လမ်းက ထူးခြားပါတယ်။ လင်းနို့လူသားတစ်ကောင်တည်း မဟုတ်ပဲ စူပါမန်းလည်း ပါဝင်မယ့် Sci Fi အက်ရှင်ဇာတ်ကြမ်း ဖြစ်ပါတယ်။ စူပါမန်းနေရာမှာတော့ Man of Steel မှာ ပါင်ခဲ့တဲ့ Henry Cavill ကပဲ ပါဝင် မှာပါ။ Ben Affleck လင်းနို့လူသား ဖြစ်လာမှုအပေါ် အားပေးထောက်ခံသူ တို့ ရှိသလို၊ မကြိုက်လို့ ဝေဖန်သူများလည်း ရှိပါတယ်။

ခရစ်စတင်းဘေလ်ကိုပဲ လင်းနို့လူသား ဖြစ်စေလိုကြောင်း အများစုက ထောက်ခံကြပါတယ်။ Ben Affleck ကိုလည်း အထင်သေးလို့ ရမှာ မဟုတ်ပါဘူး။ တစ်ကားတည်းတဲ့ ကမ္ဘာကျော်သွားတဲ့ Daredevil မှာတုန်းက မျက်မမှန် လူစွမ်းကောင်းဟာ Ben Affleck ပဲ ဖြစ်ပါတယ်။ Argo အမည်ရ ဖြစ်ရပ်မှန် အခြေခံ အီရန်ရောက် အမေရိကန် လူကယ် ရုပ်ရှင် မှာလည်း မင်းသား၊ ဒါရိုက်တာ နှစ်နေရာလုံးယူပြီး အောင်မြင်သွားစေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီတော့ လာမယ့် စူပါမန်းပေါင်း လင်းနို့လူသား ရုပ်ရှင်မှာ သူ့ရဲ့  သရုပ်ဆောင် စကေးအပြင် ဒါရိုက်တင်းစကေးကိုပါ ပူးတွဲချပြ အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ လာမယ့် Super Man+ Bat Man ရုပ်ရှင်ကားလည်း စိတ်ဝင်စားစရာပါ။ ၂၀၁၅ မှာ ရုံတင်ဖို့ စိတ်ကူးတဲ့ ယင်းရုပ်ရှင်ကို စတင်ရိုက်ကူးတော့ မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (MM Social Sky)
MM Social Sky

0 comments:

Post a Comment