13.1.14

လင်းနို့လူသားစီးတဲ့ကား General Motors ထုတ်ပြီလား

၂၀၁၅ မှာ ထွက်ရှိနိုင်ဖို့ ခန့်မှန်းထားတဲ့ လင်းနို့လူသား ရုပ်ရှင်မှာ မင်းသား လည်း ပြောင်းသလို၊ ကားလည်း ပြောင်းမှာ ဖြစ်ပါတယ်။

မင်းသား ကတော့ Ben Affleck သေချာသွားပါပြီ။ Ben Affleck အနေနဲ့ စူပါ ဟီးရိုး ဖြစ်ရတာ ဒါ ပထမဆုံး အကြိမ်

မဟုတ်ပါဘူး။ လောလောဆယ် ရေး သားဖော်ပြနေကြတဲ့ သတင်းများအရ ကား ကတော့ ကြိမ်းသေ ပြောင်းလဲ မှာ ဖြစ်ပါတယ်။ ကားပြောင်းလဲခြင်းနဲ့အတူ ထုတ်လုပ်တဲ့ ကုမ္မဏီ လည်း ပြောင်းမှာပါ။ အရင်က Batmobile လို့ခေါ်တဲ့ လင်းနို့လူသားကားကို အမေရိကန် စစ်တပ်သုံး တိုက်ပွဲဝင်ဂျစ်ကားကို အသွင်ပြောင်း ထားခြင်း ဖြစ်ပြီး ဒီတစ်ခါတော့ အမေရိကန် General Motors က ရုပ်ရှင် အတွက် သီးသန့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

စစ်တပ်သုံး ဆန်ဆန် ပုံစံတော့ ထုတ်လုပ်မှာပါ။ ပထမ ရုပ်ရှင်မှာ အသုံးပြုခဲ့တဲ့ ၂ စီးထဲမှာ တစ်စီးက ပျက်ဆီး သွားပါပြီ။ တစ်စီးကတော့ ကျန်ရှိနေပါသေးတယ်။ သို့ပေမယ့် ကားအသစ်ကို အသုံးပြုမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog

0 comments:

Post a Comment