12.2.14

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမူကြမ်းအား မတ်လတွင် အပြီးရေးဆွဲမည်

12-2-2014

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမူကြမ်းအား မတ်လတွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု အသိပညာပေးဆွေးနွေးပွဲမှ သိရသည်။
မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဥပဒေမူကြမ်းအောက်တွင် တရားဝင်ပြဋ္ဌာန်းနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းများ ပြဋ္ဌာန်းနိုင်ရေးကို အရေးတကြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး ယခုအခါတွင် နိုင်ငံတကာနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်၍ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု စနစ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့်၊ နည်းဥပဒေမူကြမ်းများကို တရားဝင်ပြဋ္ဌာန်းနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စံချိန်စံညွှန်းများအား ပြဋ္ဌာန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနေအေးက “ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေမူကြမ်းက ၂၀၁၃ ခုနှစ် ဇွန်လကတည်းက လွှတ်တော်ကိုတင်ပြီး အတည်ပြုပြီးသွားပြီ။ မတ်လလောက်မှာ ပြီးလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ထပ်ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ဆက်ထွက်ဖို့လည်း ရှိပါတယ်။ အခုထွက်ရှိမယ့် နည်းဥပဒေမူကြမ်းမှာ အခန်း ၁၄ ခန်းပါဝင်မှာပါ။ နည်းဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မပြီးခင်မှာ ပြင်ဆင်သင့်တာ ပြင်ဆင်မယ်၊ အစားထိုးသင့်တာတွေကို အစားထိုးမယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု၊ နိုင်ငံအတွက် ကိုယ်ပိုင်ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူကြမ်းချမှတ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ၊ ပြန်လည်နေရာချထားမှုနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံများ၊ မြန်မာနိုင်ငံအတွက် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဿနာများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်ရေးနှင့် လက်ခံနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမည့် မူဘောင်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

Eleven

0 comments:

Post a Comment