12.2.14

ဂျာမနီနိုင်ငံမှနယ်လှည့်ဆေးကုသရေးရေယာဉ် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ပေးအပ်လှူဒါန်း





ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် နယ်လှည့်ဆေးကုသရေးရေယာဉ်အဖြစ် ကျန်းမာရေးဝန်ဆောင်မှုပေးမည့ှ်Swimming Doctors 2 
ရေယာဉ်လှူဒါန်းသူ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသမ္မတကြီး Mr.Joachim Gauck ၏ဇနီး Ms.Daniela Schadt နှင့် ဂျာမနီသံရုံးတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင်
မြန်မာ့သင်္ဘောကျင်း လုပ်ငန်း လျှောလမ်းသုံးလွန်းကျင်း၌ ရေယာဉ်ရေ
ချလှူဒါန်းပွဲကျင်းပခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ပြည် ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံ အမတ်ကြီးနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ရေကြောင်းညွှန်ကြား
မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ဦး၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်မြင့်၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဝင်းဖေနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ရေကြောင်း အင်ဂျင်နီယာများ တက်ရောက် ကြသည်။

ယင်းရေယာဉ်ကိုပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံမှ Foundation Stiftunglife ၏အစီအစဉ်ဖြင့် Uniteam Marine (Yangon) Ltd. 
မှ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတွင်လုပ်ငန်းအပ်နှံတည်
ဆောက်ခဲ့ခြင်းဖြစ်ပြီးဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင်နယ်လှည့် ဆေးကုသရေးရေယာဉ်
အဖြစ် ကျန်းမာရေးဝန်ဆောင်မှုပေးရန် ဂျာမနီနိုင်ငံမှ ကျပ် ၃၅ဝဝဝဝဝဝဝ အကုန်အကျခံလှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။

နယ်လှည့်ဆေးကုသရေး ရေယာဉှ်Swimming Doctors-2 သည် အလျားပေ ၁ဝဝ၊ ဗြက် ၂၅ ပေ၊ ဇောက် ၇ ဒသမ ၅ပေ၊ ရေစူး ၄ ပေ၊ အမြန်နှုန်း ၉ မိုင် ရှိပြီး 179 KW ရှိ ပင်မအင်ဂျင် နှစ်လုံးနှင့် 30 KW ရှိ မီးစက် တပ်ဆင်ထားကာ ဆေးကုသခန်း သုံးခန်း၊ အရေးပေါ်ခွဲစိတ်ခန်း တစ်ခန်း၊ ဓာတ်ခွဲခန်းတစ်ခန်း၊ သွားဘက်ဆိုင်ရာ ဆေးကုခန်း တစ်ခန်း၊ ဆေးသိုလှောင်ခန်း တစ်ခန်း ပါရှိကြောင်းသိရသည်။

0 comments:

Post a Comment