12.2.14

ယူအေအီးနိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်စမ်းသပ်မှုများ ရုရှား စစ်ဘက်ရွှေ့ဆိုင်း

ရုရှားစစ်ဘက်သည် ယူအေအီးနိုင်ငံ၏ Adcom Systems ကုမ္ပဏီထုတ် United 40 Block 5 တာဝေးသွား မောင်းသူမဲ့လေယာဉ် စမ်းသပ်ပျံသန်းမှုများကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်း ခဲ့ကြောင်း

အဆိုပါ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တက်ရာနာ ကီရိုဗာက ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
လက်ရှိပြုလုပ်ထားသော သဘောတူညီချက် အားလုံးမှာ ဆက်လက် အကျိုးသက်ရောက်မည် ဖြစ်သော်လည်း ရုရှားနိုင်ငံက ဖေဖော်ဝါရီလမှစ၍ စမ်းသပ်မှုများကို ရက်အကန့်သတ် မရှိ ရွှေ့ဆိုင်းမည်ဟု အကြောင်းကြားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရုရှားနှင့် ယူအေအီး နိုင်ငံတို့ အနေဖြင့် အဆိုပါ စမ်းသပ်မှုများ အောင်မြင်ပြီးမြောက်ပါက ဝယ်ယူရေးဆိုင်ရာ သဘောတူညီ ချက်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် အလီအယ်ဒါဟီရီက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလက ပြောကြားထားခဲ့သည်။ အဆိုပါ United 40 Block 5 မောင်း သူမဲ့ လေယာဉ်ကို လွန်ခဲ့သော နှစ်လခန့်က မော်စကို မြို့ပြင်ပတွင် ကျင်းပခဲ့သည့် MAKS လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ကြောင်း၊ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် အလယ်အလတ်ပျံ တာဝေးသွားကင်းထောက် လေယာဉ်ဖြစ်ပြီး လေးရက်ကြာ ပျံသန်းနိုင်စွမ်းရှိကြောင်းနှင့် ကင်းထောက်ရေး လုပ်ငန်းစဉ် အတွက် ကင်မရာနှင့် ရေဒါများ တပ်ဆင်ထားပြီး အလေးချိန် တန်ဝက်ရှိ လက်နက်ပစ္စည်းများကို သယ်ဆောင်နိုင်စွမ်း ရှိကြောင်း သိရသည်။ ရုရှားနိုင်ငံ အနေဖြင့် ပြင်ပနိုင်ငံမှ မောင်း သူမဲ့လေယာဉ် ဝယ်ယူခြင်းမှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ ၂ဝဝ၉ ခုနှစ်တွင် Israel Aerospace Industries ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၅၃ သန်း တန်ဖိုးရှိ မောင်းသူမဲ့ လေယာဉ် ၁၂ စင်း ဝယ်ယူခဲ့ကြောင်းလည်း သိရသည်။

0 comments:

Post a Comment