3.3.14

နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်း လွန်ကဲစွာမြင့်တက်နေ


Monday, March 3, 2014

နေရောင်ခြည်တွင်ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်းလွန်ကဲစွာမြင့်တက်နေခြင်းကြောင့် ယခုလကုန်ပိုင်းမှစ၍ နေ့လယ်နေ့ခင်းများတွင် အကာအကွယ် မပါဘဲအပြင်သို့မထွက်ရန် မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားလိုက်သည်။

အဆိုပါ ခရမ်းလွန်ရောင်ခြည်ကို တိုက်ရိုက်ထိတွေ့မိသောသူများသည် ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်နိုင်မည်ဖြစ်ပြီး ခရမ်း လွန်ရောင်ခြည်လွန်ကဲမှုမှာ ၂ဝ၁၄ ဖေဖော်ဝါရီလ ကုန်ပိုင်းမှ မေလ ၃ရက် ခန့်အထိဖြစ်ပွားနိုင်ကြောင်း သိရသည်။


ဒေါက်တာထွန်းလွင်က ''ဖေဖော်ဝါရီလကုန်ကနေ မေ လကုန်အထိ ခရမ်းလွန်ရောင် ခြည် လွန်ကဲ အဆင့်ဖြစ်နေမှာ ဖြစ်ပါတယ်။ အဓိက ကတော့ခရမ်း လွန်ရောင်ခြည်ကြောင့် အရေပြား ရောဂါတွေဖြစ်လာမယ်။ မျက်လုံးနဲ့ပတ် သက်တာတွေဖြစ်နိုင်တယ်။ တိုက်ရိုက်ထိတွေ့တာ ကြာလာရင် အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ နေ့လယ်နေ့ ခင်းအပြင်မထွက်ရင်ပိုကောင်းမယ်''ဟုပြောသည်။

နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှထွက်ပေါ်လာသော ကာဗွန် ဒိုင်အောက်ဆိုက်များပိုမိုများပြားလာသောကြောင့် ယခုလို ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုးမှာ လွန်ကဲအဆင့် အထိရောက်ရှိလာ ခြင်းဖြစ်ကြောင်းသိရသည်။

''ခရမ်းလွန်ရောင်ခြည်လွန်ကဲတာက နှစ်တိုင်းမဖြစ်ပါ ဘူး။ ဘာကြောင့် ခရမ်းလွန်ရောင်ခြည်လွန်ကဲလာရလဲဆိုရင် ဒီနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်တွေထုတ်တာများ နေတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ စက်မှုဇုန်ကထုတ်တဲ့ ကာဗွန် ဒိုင်အောက်ဆိုက်တွေ အခုများနေတယ်။ အဲလိုများနေတော့ အိုဇုန်းလွှာပါးပြီး ခရမ်းလွန်ရောင်ခြည်တွေက အာကာသထဲ ကနေ ဝင်ရောက်လာတာဖြစ်ပါတယ်''ဟု ဦးထွန်းလွင်ကဆက်လက် ပြောသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုးများကို ခန့်မှန်း ရာတွင်မြန်မာ နိုင်ငံတောင်ပိုင်းဒေသမှအစပြုပြီး ရန်ကုန်၊ မြစ်ဝကျွန်း ပေါ်ဒေသများအထိ မနက် ၁၁နာရီမှ မွန်းလွဲ ၁နာရီတွင် ခရမ်းလွန် ရောင်ခြည်များလွန်ကဲနေမည်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်လွန်ကဲခြင်းအဆင့်ရောက်ရှိနေ မည်ဖြစ်၍ ယခုလသည် ခရီးသွားရာသီဖြစ်သောကြောင့် ခရီးသွားများအနေဖြင့် အထူးဂရုပြုရန်လိုအပ်သည်။

''ခရီးသွားတွေကတော့ နေ့လယ်နေ့ခင်းဆိုရင် အပြင် ထွက်တာနည်း ပါတယ်။ အချို့တွေက ဓာတ်ပုံရိုက်ချင် တာတွေရှိ တယ်။ နေပူထဲမှာ ဓာတ်ပုံမရိုက်ဖို့တော့ပြော ထားရမယ်။ ဦးထုပ်တွေကတော့ သူတို့လဲ နေတအား ပူတော့ယူလာကြမှာသေချာပါတယ်။ အင်္ကျီလက်ရှည် တွေဝတ်ဖို့လဲလိုအပ်မယ်''ဟု Caravan Myanmar ခရီးသွားကုမ္ပဏီ မှ ဒေါ်ကေခိုင်ကပြောသည်။

Yangon Media Group

0 comments:

Post a Comment