3.3.14

ကျေးလက်နေ ပြည်သူများ အတွက် သောက်သုံးရေနှင့်စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်



စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အစီအစဉ်အရ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် အရာတော်မြို့နယ် အုပ်ရှစ်ကြီး ကျေးရွာအုပ်စု သစ်ချိုကျေးရွာတွင် အနက် ၁၂၅၅ ပေရှိ ၄ လက်မ အဝီစိတွင်း တူးဖော်ဆောင်ရွက်ခဲ့ရာ တစ်နာရီ ရေဂါလန် ၁၅ဝဝဝ ခန့် ထွက်ရှိသဖြင့် ကျေးလက်နေ ပြည်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။


အဆိုပါ ကျေးရွာသည် ယခင်က ရေရှား၍ တစ်ရွာလုံးတွင် လက်ယက်တွင်းရေသာ ရှိခဲ့ပြီး ဆယ်အိမ်တစ်စု၊ ဆယ့်ငါးအိမ်တစ်စုဖြင့် လက်နှိပ်တွင်းများ တူးဖော်၍ ရေကို အလှည့်ကျ စနစ်ဖြင့် အချိန်ပေး ခပ်ယူ သုံးစွဲခဲ့ရကာ ယခုကဲ့သို့ နိုင်ငံတော်နှင့် အလှူရှင်များမှ ဆောင်ရွက်ပေး မှုကြောင့် သောက်သုံးရေ အပြင် စိုက်ပျိုးရေ အခက်အခဲများကိုပါ ဖြည့်ဆည်း ဆောင်ရွက်နိုင်ခဲ့သည်။

မုံရွာခရိုင် အုပ်ရှစ်ကြီး ကျေးရွာအုပ်စု သစ်ချိုကျေးရွာသည် အိမ်ထောင်စု ၁၄ဝ စု လူဦးရေ ၇၁၆ ဦးရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ မတည်ငွေကျပ် ၃၅ သိန်းနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ရေလျှံတွင်းများ ဆောင်ရွက်ခြင်းဖြစ်ရာ သောက်သုံးရေသာမက စိုက်ပျိုးရေပါ ရရှိသဖြင့် မိုးမျှော်တစ်သီးစား စပါးစိုက်ပျိုးမှုအပြင် အဆိုပါ ရေလျှံတွင်းများကြောင့် ယခုအခါ နွေစပါးကိုပါ စိုက်ပျိုး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment