3.3.14

လမ်းလျှောက်လာသောသူအား စိတ်ဝေဒနာမောင်းသောကားဝင်တိုက်၍ သေဆုံး




လပွတ္တာ ခရိုင်၊ မော်လမြိုင် ကျွန်းမြို့ အောင်ဆန်း(၅) လမ်း ထိပ် တွင် ဖေဖော် ၀ါရီ လ (၂၅) ရက်၊ နံ နက် (၉) နာရီ ခန့်က ယာဉ် တိုက် မှု တစ်ခု ဖြစ်ပွား ခဲ့ရာ အမျိုး သမီး တစ်ဦး သေဆုံး သွား ခဲ့သည်။ အဆိုပါ ယာဉ် တိုက်မှု တွင် ယာဉ်မောင်း ဦးဇော်မိုး၊ အသက် (၄၉) နှစ်၊ အဘ ဦးသန်းဝင်း ကို (ပ)/ ယာဉ် ၄/ ၂၀၁၄ ပုဒ် မ ၃၀၄ (က) ဖြင့် အရေးယူ၍ မော်လမြိုင်ကျွန်း မြို့နယ်တရားရုံးတွင် အချုပ် လွှတ် ရမန်ယူခဲ့ရာ နာရီပိုင်း အတွင်း ၌ပင် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးမှ အချုပ် ချုပ်လွတ် ထုချေခွင့်အမိန့် ချခဲ့ကြောင်း မော်လမြိုင် ကျွန်းရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်နိုင်ထွန်းက ပြောသည်။
ဦးဇော်မိုးသည် စိတ်ဝေဒနာရှင်ဖြစ်သော ကြောင့် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ တွင် ဆေး ကုသ ရန်လိုအပ်သဖြင့် ငွေကျပ် သိန်း(၂၀) ဖြင့် ခံဝန်ပြုလုပ်ကာ အာမခံဖြင့် အဆိုပါ တရားရုံးမှ လွတ်ပေး လိုက် ခြင်း ဖြစ် ကြောင်း ၎င်း က ဆက်လက်ပြောသည်။ ယာဉ်မောင်း ဦးဇော်မိုး၊ အသက်(၄၉) နှစ်၊ အဘ ဦးသန်းဝင်းသည် Pajero အဖြူ ရောင်၊ ယာဉ်အမှတ် ၁က/၇၆၉၁ ကို မောင်း နှင် လာစဉ် ၎င်း ၏ ကားအား ကျောပေးအနေ အထားဖြင့် လားရာဘက်တူသို့ လမ်းလျှောက် ၍ သွားနေသော မော်လမြိုင် ကျွန်းမြို့၊ အောင် ဆန်း(၃)လမ်း၌ နေထိုင်သူ ဒေါ်လှလှ၊ အသက် (၄၂)နှစ်အား ၀င်တိုက်မိရာ ပြင်းထန် ဒဏ်ရာ ဖြင့် မော်လမြိုင် ကျွန်းမြို့၊ ခုတင် (၁၀၀) ဆေးရုံ တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ လင်မယား မော်လမြိုင် ကျွန်းဈေးကြီးက ပြန်လာ တာပါ။ ကျွန်တော့် ဇနီးက ဘယ်ဘက်က လျှောက်ပါတယ်။ အောင်ဆန်း(၅) လမ်း ထိပ်ရောက်တော့ နောက် က နေကားက ၀င်တိုက်လိုက်တာ။ ကျွန်တော့် ဇနီး ပေ(၈၀)လောက် အထိ ပါသွားတယ်။ ကားက မောင်းပြေး သွား တယ်။ ဇနီးကဆေးရုံ ရောက်တော့ အသက် က ပျောက်နေပြီ””ဟု ဒေါ်လှလှ ၏ ခင်ပွန်းဖြစ်သူ ဦးကျော်မြင့် က ပြော သည်။

ယာဉ်တိုက်မှု ကျူးလွန်သူ ဦးဇော်မိုး သည် မော်လမြိုင် ကျွန်းမြို့ဇာတိ ဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့၊ အောင် ဆန်း (၉)လမ်း၌ နေထိုင်သော ဦးလေးတော်စပ်သူ ဦးသန်း လွင်ထံသို့ ရောက်ရှိ၍ နှစ်ရက်အကြာတွင် ယခု ကဲ့သို့ယာဉ်တိုက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ် ကာ မော်လမြိုင်ကျွန်းမြို့သို့ ၎င်း ပြန်မလာခင် က ကနေဒါနိုင်ငံ တွင် နေထိုင်သူဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။စိတ်ကျန်းမာရေး ဆေးကုသမှုမှတ်တမ်း တွင် ပြီးခဲ့သောနှစ်လက စိတ်ရောဂါကုကျန်းမာ ရေးဆေးရုံမှ ဆင်း ခဲ့သည်ကို တွေရှိရကြောင်း၊ သို့သော်လည်း ကားမောင်း လာစဉ်အချိန်နှင့် တိုက်မိသည့်အချိန်အထိ သာမန်စိတ်အနေ အထားဖြစ်နိုင်ကြောင်း၊ ယာဉ် တိုက် မှုဖြစ်ပြီးမှ စိတ်ပြန်လည်ဖောက်လာကြောင်း ဖြစ်နိုင် ကြောင်း၊ သို့သော် လည်း ဥပဒေ အတိုင်း ဆက် လက် ဆောင် ရွက်ရမည်ဖြစ်ကြောင်းမော်လမြိုင် ကျွန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
The Messenge

0 comments:

Post a Comment