25.3.13

ပြစ်ဒဏ်ချမှတ်ခံရသော မန်ယူအသင်း

မန်ယူနည်းပြ ဖာဂူဆန်သည် ရီးရဲလ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မတက်ရောက်ခဲ့၍ ဒဏ်ကြေး ပေါင် ၈၅၀၀ ခန့် ဒဏ်ရိုက်ခံရကြောင်း သိရသည်။
မန်ယူ လက်ထောက်နည်းပြ မိုက်ဖီလန်သည် ယင်းပွဲစဉ်တွင် နာနီ တိုက်ရိုက် အနီကဒ်ဖြင့် အငြင်းပွားဖွယ် ထုတ်ပယ်ခံရပြီး မန်ယူ အသင်းက ၂ ကျော့ပေါင်း ရလဒ် ၃း၂ ဖြင့် ချန်ပီယံလိဂ်မှ ထွက်ရခြင်း အပေါ် နည်းပြ ဖာဂူဆန် အနေဖြင့် မီဒီယာများကို သုံးသပ်ချက်ပေး ရန်ပင် စိတ်ကုန်သွားခဲ့ကြောင်း ဆိုသည်။ ယင်းပွဲစဉ်တွင် တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံရသော နာနီိမှာလည်း ၁ ပွဲပယ် ခံရမည်ဖြစ်ပြီး အဆိုပါ ပေါ်တူဂီ ကွင်းလယ်လူ အနေဖြင့် ရီးရဲလ်မှ နောက်ခံလူ အာဘီလိုအာကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖျက်ထုတ်ကြောင်း ထင်ရှားပါက အနည်းဆုံး ၃ ပွဲခန့် ပွဲပယ်ခံရနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment