25.3.13

နိုင်ပွဲရခဲ့သော အာဂျင်တီးနား

အာဂျင်တီးနား အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အိမ်ကွင်းပွဲစဉ် အဖြစ် ဗင်နီဇွဲလား အသင်းနှင့် ကစားခဲ့ရာ ၃းဝ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် အာဂျင်တီးနား အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၉ မိနစ် နှင့် ၅၉ မိနစ်တွင် ဟီဂူအင် အပြင် ပွဲချိန် ၄၅ မိနစ်တွင် မက်ဆီ (ပင်နယ်တီ) တို့က အသီးသီး သွင်းယူခဲ့သည်။ မက်ဆီ အနေဖြင့် ယခုပွဲစဉ်တွင် သားဖြစ်သူ အတွက် ဆေးမင်ကြောင် ထိုးပြီးနောက် ပထမဆုံးသော ဂိုးကို အာဂျင်တီးနား အသင်းအတွက် သွင်းယူခြင်း ဖြစ်လာသည်။ ဗင်နီဇွဲလား အသင်းမှာ ၂၀၁၁ ခုနှစ်ကလို အာဂျင်တီးနား အသင်းကို ၁းဝ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရခြင်းမျိုး ထပ်မံ ကြုံတွေ့ရတောပေ။ အာဂျင်တီးနား အသင်းသည် ၁၀ ပွဲ ကစားပြီးချိန်တွင် ၇ ပွဲ အနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နှင့် အတူ ၇ ဂိုး ၂၃ ဂိုး၊ ပေးဂိုး ၇ ဂိုး ရရှိကာ ရမှတ် ၂၃ မှတ်ဖြင့် အုပ်စု ထိပ်ဆုံး၌ ရပ်တည်ကာ လက်ကျန် ပွဲစဉ် ၆ ပွဲသာ ကျန်ရှိတော့ကြောင်း သိရသည်။

0 comments:

Post a Comment