25.3.13

ပြိုင်ဘက် ဘိုင်ယန်အား နှိမ့်ချပြောခဲ့သည့် ဘက်ဖွန်

ဂျူဗင်တပ် ဂိုးသမား ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဂျူဗင်တပ် အသင်းနှင့် တွေ့ဆုံနေသည့် အတွက် စိတ်ပျက်နေမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ ဘက်ဖွန်က ဘိုင်ယန် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂျူဗင်တပ် အသင်းက ပိုတောင့်တင်းတာကြောင့် ဂျူဗင်တပ် အသင်းကို ရင်ဆိုင်ရာမှာ လွယ်ကူမှာ မဟုတ်ကြောင်း ပြောခဲ့သည်။ ဂျူဗင်တပ် အသင်းသည် အရင် ပွဲစဉ်များမှာ အနိုင်ရခဲ့သည့် အတိုင်း တစ်ပွဲချင်းကို သေချာ အာရုံစိုက် ကစားခဲ့သလို ဘိုင်ယန် အသင်းနှင့် ပွဲကိုလည်း ထိုကဲ့သို့ ချဉ်းကပ်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ ဘက်ဖွန်က ဂျူဗင်တပ် အသင်းသည် တိုက်စစ်ကောင်းမွန်သည့် အသင်းဖြစ်ပြီး အခြားအသင်းများကဲ့သို့ ဂိုးသွင်းထက်မြက်သည့် အတွက် လာမည့် ပွဲစဉ်မှာ အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းကိုလည်း ပြောခဲ့သည်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ဧပြီလ ၂ ရက်နေ့မှ ဂျာမနီမှ ဘိုင်ယန်ကွင်းသို့ ဂျူဗင်တပ် အသင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သည်။

0 comments:

Post a Comment