25.3.13

ကမ္ဘောဒီးယားအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် တာ့ခ်မင်နစ္စတန်

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ပွဲစဉ်များကို မတ် ၂၂ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ရာ ပွဲဦးထွက်တွင် တာ့ခ်မင်နစ္စတန် အသင်းသည် ကမ္ဘောဒီးယားအသင်းအား ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တာ့ခ်မင်နစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၇ မိနစ်တွင် အာမန်နော့၊ ၂၃ နှင့် ၃၆ မိနစ်များတွင် ဘာယာနော့၊ ၄၁ မိနစ်တွင် ကမ္ဘောဒီး ယားနောက်ခံလူ သာဗတ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိ၊ ၇၄ မိနစ်တွင် ဆာရမ်ဒေါင်း၊ ၈၁ မိနစ်တွင် အာဗာလို၊ ၈၇ မိနစ်တွင် ဘထရာရိုတို့က သွင်းယူပေးခဲ့ကြသည်။ အခြားပွဲစဉ် တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ဘရူနိုင်းအသင်းသည် ပြိုင်ပွဲ မှ နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ရလဒ်များနှင့် ပွဲစဉ်များ
တာ့ခ်မင်နစ္စတန် ၇ - ၀ ကမ္ဘောဒီးယား
ဖိလစ်ပိုင် ၃ - ၀(Awarded) ဘရူနိုင်း
၂၄-၃-၂၀၁၃ ဘရူနိုင်း ၀ - ၃ (Awarded) တာ့ခ်မင်နစ္စတန်
၂၄-၃-၂၀၁၃ ကမ္ဘောဒီးယား - ဖိလစ်ပိုင်
၂၆-၃-၂၀၁၃ ကမ္ဘောဒီးယား ၃ - ၀(Awarded) ဘရူနိုင်း
၂၆-၃-၂၀၁၃ ဖိလစ်ပိုင် - တာ့ခ်မင်နစ္စတန်

0 comments:

Post a Comment