25.3.13

ရီးရဲလ်မှ ရာမို့စ် ချန်ပီယံလိဂ် ဖလား ယူရန် ရည်မှန်းထား

ရီးရဲလ် နောက်ခံလူ ရာမို့စ်က ယခုနှစ် ချန်ပီယံလိဂ် ဖလားရရန် ရည်မှန်းထားကြောင်း သိရသည်။ သူသည် အသင်းဖော်များအား ချန်ပီယံလိဂ် ဖလား ရရှိအောင် ကြိုးစားရန် တိုက်တွန်းထားပြီး ယခုရာသီမှာ အကောင်းဆုံး အခွင့်အရေး ရှိနေသည်ဟု ပြောခဲ့သည်။ ရာမို့စ်၏ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၀၁-၀၂ ရာသိမှာ ဗိုလ်စွဲပြီးနောက် ယခု အချိန်ထိ ပြန်လည် ရယူနိုင်ခြင်း မရှိသေးပေ။
ယခု အချိန်မှာ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ကွာတား အဆင့်သို့ ရောက်ရှိနေပြီး နောက်ခံလူ ရာမို့စ်က ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ဖလားရရန် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရကြောင်း ၊ မိမိတို့ဟာတွေးထားရုံမက အသင်းရဲ့ ခြေစွမ်း ၊ ယုံကြည်မှုတွေကို ထိန်းသိမ်း တိုးမြှင့်သွားရမှာ ဖြစ်ကြောင်း ၊ ဒါတွေဟာ အရမ်းကို အရေးကြီးကြောင်း အသင်းဖော်များအား သတိပေးခဲ့သည်။ ရီးရဲလ် အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တူရကီ ကလပ် ဂါလာတာစာရေး အသင်းနှင့် တွေ့ဆုံနေသည်။ အဆိုပါ ကွာတားဖိုင်နယ် ပထမအကျော့အား ဧပြီလ ၃ ရက်မှာ ရီးရဲလ် အိမ်ကွင်းတွင် ယှဉ်ပြိုင် ရမှာ ဖြစ်သည်။

0 comments:

Post a Comment