25.3.13

မွန်တီနီဂရိုးနှင့် ပွဲအတွက် ယုံကြည်မှု ရှိနေသော အင်္ဂလန်

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က ဆန်မာရီနို အသင်းကို ၈းဝ ဖြင့် နိုင်ခဲ့သော ပွဲစဉ်အပြီးတွင် အသင်း အတွက် အရေးပါသည့် အင်္ဂါနေ့ မွန်တီနီဂရိုးနှင့် ပွဲစဉ် မတိုင်မီ ၎င်းတို့ အသင်းမှာ အကောင်းဆုံး ပြင် ဆင်ထားပြီး ဖြစ်ကြောင်း ဆိုသည်။ အင်္ဂလန် အသင်း အနေဖြင့် မွန်တီနီဂရိုး အသင်းကို အဝေးကွင်း တွင် နိုင်မည်ဟု နည်းပြ ရွိုင်းဟော့ဆန်က ယုံကြည်နေသည်။ 
ဆန်မာရီနိုနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းသည် ပြိုင်ပွဲ၏ ကိုယ့်ဂိုးကိုယ် သွင်းယူခြင်း အပါအ၀င် ဒီဖိုးက ၂ ဂိုး၊ လမ်းပတ်၊ အက်ရှ်လေယန်း၊ ချန်ဘာလိန်းနှင့် ရွန်းနေ၊ စတာရစ်ခ်ျတို့က အသီးသီး တစ်ဂိုးစီ သွင်းယူခဲ့သည်။ အင်္ဂလန် အသင်းသည် အုပ်စု H တွင် တတိယ နေရာမှ ယူကရိန်းကို ၆ မှတ် ဖြတ်ထားပြီး ဒုတိယ နေရာတွင် ရှိနေသလို ပထမ နေရာမှ မွန်တီနီဂရိုးနှင့် ၂ မှတ် ကွာဟနေသည်။ အကယ်၍ အင်္ဂလန် သာ ကမ္ဘာ့ ခြေစစ်ပွဲ Play-off သို့ ရောက်သွားပါက ပေါ်တူဂီ သို့မဟုတ် စပိန် အသင်းနှင့် ရင်ဆိုင်ရ မည်ဖြစ် သည်။ ဆန်မာရီနိုနှင့် ပွဲအပြီးတွင် နည်းပြဟော့ဆန်က မိမိတို့ အသင်း အနေဖြင့် ဖေဖော်ဝါရီလက ဘရာဇီးကို နိုင်ခဲ့ပြီးနောက်မှာ ယုံကြည်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ယခုပွဲတွင် အကောင်းဆုံး ကစားနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။
မွန်တီနီဂရိုး အသင်းသည် ယမန်နေ့ ပွဲတွင် ၁၀ ဦးသာ ကျန်ရှိသော်လည်း မော်လ်ဒိုဗာကို အဝေးကွင်းတွင် ၁းဝ ဖြင့် နိုင်ပြီး အုပ်စု H ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်နေသည်။ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က လက်ကျန် ၅ ပွဲတွင် မည်သို့သော အတိုင်းအတာ အထိ ဖြစ်လာမည်ကို အသင်းမှ ကစားသမားများ၏ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ကြည့်ရမည် ဖြစ်ကြောင်း ဆိုသည်။ အင်္ဂလန် အသင်းအနေဖြင့် ဆန်မာရီနို အသင်းကို ယခုလို အဝေးကွင်းတွင် အနိုင်ရရှိခြင်းသည် တူရကီ အသင်းကို အဝေးကွင်းတွင် ၈းဝ ဖြင့် အနိုင်ရရှိခဲ့သော ၁၉၈၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံးသော ဂိုးပြတ် အဝေးကွင်း နိုင်ပွဲ ဖြစ်လာခဲ့သည်။

0 comments:

Post a Comment