10.9.15

ကနေဒါ ရဟတ်ယာဉ်ကုမ္ပဏီ BELL က VIP ခရီးစဉ်သုံး ရဟတ်ယာဉ်သစ် မိတ်ဆက်ပြသ


ကနေဒါအခြေစိုက် ရ ဟတ်ယာဉ်ထုတ်လုပ်သည့် ကုမ္ပ ဏီိ Bell က မြန်မာနိုင်ငံတွင် ဈေး ကွက်ချဲ့ထွင်ရန် BELL 429WLG အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို လာရောက်မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

BELL ရဟတ်ယာဉ်ကုမ္ပဏီ သည် ၁၉၆၀ နောက်ပိုင်းမှ ၁၉၈၈ အထိ မြန်မာနိုင်ငံဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်ဖူးပြီး အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများကြောင့်
၎င်းတို့၏လုပ်ငန်းများ ပြန်လည်ရုပ် သိမ်းခဲ့ကာ ယခုနှစ်မှပထမဆုံး အကြိမ် ပြန်လည်ဝင်ရောက်လာ ခြင်းဖြစ်သည်။
BELL 429 WLG ကို မြန် မာနိုင်ငံ၌ လေးရက်ကြာ မိတ် ဆက်ပြသမည်ဖြစ်ပြီး စက်တင် ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန် ကုန်၌လည်းကောင်း၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် နေပြည်တော်၌ လည်းကောင်း ပြသမည်ဖြစ်သည်။
BELL 429 WLG အမျိုး အစား ရဟတ်ယာဉ်သည် VIP ခရီးစဉ်များအတွက် အဓိကရည် ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူခုနစ်ဦးနှင့်ပိုင်းလော့တစ်ဦး စုစု ပေါင်းရှစ်ဦး လိုက်ပါ စီးနင်းနိုင် မည်ဖြစ်သည်။
BELL 429 WLG ရဟတ် ယာဉ်အမျိုအးစားကို အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၇ သန်းဖြင့် ရောင်းချပေးကြောင်း နိုင်ငံတကာ သတင်း ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားသော်လည်း မြန်မာ နိုင်ငံ၌ မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်ကို မသိရသေးပေ။

Credit To >>> 7Day News

0 comments:

Post a Comment