10.9.15

လယ်ယာကဏ္ဍ ပြန်လည်ထူထောင်ရေး ကျပ် ၁၂၀ ဘီလီယံဝန်းကျင် လိုအပ်ဟုဆို

 ရေကြီးနစ်မြုပ်မှု ကြောင့် ပျက်စီးသွားသော လယ် ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည် ထူထောင်ရေး ငွေကျပ်ဘီလီယံ ၁၂၀ ခန့်လိုအပ်မည်ဟု ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်ကပြော သည်။

‘‘ပြန်လည်ထူထောင်ရေးမှာ ရေရှည်အတွက် ပုဂ္ဂလိကနဲ့အစိုးရ ပူးပေါင်းလုပ်ဖို့လိုတယ်။ ပုဂ္ဂလိ ကကဏ္ဍကိုလည်း အစိုးရက ငွေ ကြေးအထောက်အပံ့ပေးဖို့လို တယ်’’ဟု ဦးရဲမင်းအောင်ကပြော သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရာတွင် ငွေ ကြေးသာမက ဓာတ်မြေသြဇာ အိတ်သုံးသိန်းခန့်၊ လယ်ထွန်စက် အစီးရှစ်ရာနှင့် ရိတ်သိမ်းခြွေလှေ့ စက်အစီးငါးရာခန့်လည်း လိုအပ် ကြောင်း ဦးရဲမင်းအောင်ကပြော သည်။
မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ်ကိုးခုတို့၌ လယ်မြေဧက တစ်သန်းခွဲခန့် ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရကာ ပျက်စီးမှုဧကရှစ် သိန်းကျော်ရှိပြီး လေးသိန်းကျော် ပြန်လည်စိုက်ပျိုးနိုင်သည်ဟု လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၏ စာရင်းများအရ သိ ရသည်။
‘‘ရေမြုပ်လယ်တွေ ပြန်စိုက် ဖို့တော့လုပ်နေကြတယ်။ အချိန်မီ ဖို့တော့ ကြိုးစားနေတာပဲ။ မျိုးစ ပါးတော့ အစိုးရပေးတယ်။ ဒါပေ မဲ့ ဒေသမျိုးမဟုတ်တော့ အထွက် နှုန်း မကောင်းလောက်ဘူး’’ ဟု မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ်မှ လယ်သမားတစ်ဦးကပြော သည်။ ပဲခူးတိုင်းဒေသကြီးသည် လယ်ယာမြေ ရေကြီးနစ်မြုပ်မှုအ များဆုံးခံရသည့် တိုင်းဒေသကြီး ဖြစ်ပြီး ရေနစ်မြုပ်သည့်လယ်ဧက သုံးသိန်းခုနစ်သောင်းကျော်ရှိ သည်။ လယ်ယာမြေပျက်စီးဆုံး ရှုံးမှုဧကအများဆုံးမှာ ရခိုင်ပြည် နယ်ဖြစ်ပြီး လက်ရှိတွင် ထောက် ပံ့မှုများစွာ အကူအညီပေးရန်ဆန် စပါးအသင်းချုပ်သို့ တောင်းဆို နေကြောင်း ဦးရဲမင်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်သည်နွေစပါး စိုက်ပျိုးမှုမရှိသလောက် နည်းပါး သည့် ပြည်နယ်ဖြစ်ပြီး ယခုနှစ် တွင် ပြည်မမှ ပြန်လည်ထောက်ပံ့ ပေးရန်လိုအပ်ကာ ပြည်မမှတင် သွင်းမှုခက်ခဲမည်ဆိုပါကလည်း နိုင်ငံခြားမှ ပြန်လည်တင်သွင်းရန် စီစဉ်ထားသည်ဟု ဆိုသည်။
စားနပ်ရိက္ခာလုံလောက်မှု နှင့် အရေးပေါ်အခြေအနေတွင် ဆန်ဈေးနှုန်းများ မြင့်တက်မသွား စေရန် ပုဂ္ဂလိကကဏ္ဍမှအရန် ဆန်အိတ်ရေ တစ်သိန်းခန့်ထားရှိ ရန်စီစဉ်နေသည်။ ရေကြီးနစ်မြုပ် မှုကြောင့် အမှန်တကယ်ထိခိုက် နစ်နာမှုများကြုံတွေ့ခဲ့ရသော လယ်သမားများကိုလည်း နိုင်ငံ တော်က အကြွေးများလျှော်ပေး သင့်ကြောင်း၊ လယ်သမားများ အကြွေးသံသရာလည်နေသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ချိန်တွင် အကြွေးပြန်ဆပ်ရမည်ဆိုပါကရေ ရှည်ပြန်လည်ထူထောင်ရေးအ တွက် အတားအဆီးဖြစ်နေကြောင်း သိရသည်။
ထို့အပြင် ရေနစ်မြုပ်သွား သော လယ်မြေများတွင် ပြန်စိုက် သောစပါးများသည် သီးနှံပေါ်ချိန် ၌ ပိုးမွှားရောဂါအန္တရာယ်ကြောင့် အရည်အသွေးကျဆင်းပြီးအထွက် နှုန်းလျော့နည်းနိုင်၍ အာမခံစနစ် ဖြင့် ၀ယ်ယူမည့်အစီအစဉ်များကို နိုင်ငံတော်က ဦးဆောင် ဆောင်ရွက်သင့်ကြောင်း ဦးရဲမင်းအောင်က အကြံပြုပြောကြားသည်။

Credit To >>> 7Day News

0 comments:

Post a Comment