10.9.15

ပျားလုပ်ငန်းအခြေခံပြီး ကမ္ဘာလှည့်ခရီးသွားများလေ့လာနိုင်ရန်နှင့် ပျားရည်ဈေးကွက်ချဲ့ထွင်နိုင်ရေး လုပ်ဆောင်မည်

ပျား လုပ်ငန်းအခြေခံကာ ကမ္ဘာလှည့် ခရီးသွားများ လေ့လာနိုင်ရန်နှင့် ပျားရည်ဈေးကွက် ချဲ့ထွင်နိုင်ရေးကို ပျားလုပ်ငန်းဖွံ့ဖြိုးမှုဗဟိုဌာနက လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မွေးမြူ
ရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပျားလုပ်ငန်းဖွံ့ဖြိုးမှုဗဟိုဌာနကို စက်တင်ဘာ ၄ရက်တွင် ပျားလုပ် ငန်းဌာန၊ TAG Int'l Development ၊ ပါရမီဖွံ့ဖြိုးရေးကွန်ရက်နှင့် ဓနုစာ ပေ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့များ ပူးပေါင်း၍ ရှမ်းပြည်နယ် ပင်းတယ တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းပျား လုပ်ငန်းဖွံ့ဖြိုးမှုဗဟိုဌာနမှ ပျားလုပ် ငန်းအခြေခံ၍ ကမ္ဘာလှည့်ခရီးသွား များလေ့လာနိုင်ရန်၊ ပျားရည်ဈေး ကွက်ချဲ့ထွင်နိုင်ရန်နှင့် ဒေသခံများ ကို ပျားမွေးမြူရေးနည်းပညာသင် တန်းများပေး၍ မွေးမြူရေးလုပ် ငန်းများ လုပ်ကိုင်လာနိုင်ရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူ ရေးနှင့် ရေလုပ်ငန်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာ နမှ သိရသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ပျားလုပ်ငန်းဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဦးအောင်ဇံထွေးက ''TAG Int'l Development အဖွဲ့ က ရှမ်းပြည်နယ်က မြို့နယ်ငါးမြို့နယ်မှာ ပျားမွေးမြူရေးစီမံကိန်းဆောင်ရွက် နေ တာရှိတယ်။ TAG Int'l Development အဖွဲ့နဲ့ ပျားလုပ်ငန်းဌာန ပူးပေါင်းပြီး စင်တာဖွင့်ဖြစ်တာပါ။ပျားလုပ်ငန်းကို ကမ္ဘာ့လှည့်ခရီးသွား တွေ စိတ်ဝင်စားတာများတယ်။ ဒါ ကြောင့် ဒီစင်တာမှာ Apo-Tourism လို့ခေါ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ပျားလုပ်ငန်းနဲ့ပတ်သက်ပြီး လေ့လာ နိုင်အောင် အကောင်အထည်ဖော် နေပါတယ်။ နောက် ပျားမွေးမြူရေး သင်တန်းတွေ ကို ဒေသခံတွေ၊ မွေးမြူ တောင်သူတွေကို နည်းပညာတွေပေး တာ၊ ပျားရည်ဈေးကွက်ချဲ့ထွင်တာ တွေလဲ လုပ်နေပါတယ်''ဟု ပြောသည်။
TAG Int'l Development အဖွဲ့သည် ပျားမွေးမြူရေးကို နှစ်နှစ် စီမံကိန်းဖြင့် ရှမ်းပြည်နယ်ပင်းတယ၊ ရွာငံ၊ ကလော၊ တောင်ကြီးနှင့် ညောင် ရွှေ မြို့များတွင် ဒေသခံတိုင်းရင်းသား များအား ပျားမွေးမြူရေးသင်တန်း များ၊ ပျားပုံးများပေး၍ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်စေပြီး ထွက်ရှိ လာသည့် ပျားရည်၊ ပျားဖယောင်း၊ ပျားကော်၊ ပျားနို့နှင့် ပျားဝတ်မှုန်များကို ပြန် လည်ဝယ်ယူစုဆောင်းကာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment