14.9.16

မဲသဝေါတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအပေါ် ကေအင်န်ယူပြောဆို

မဲသဝေါဒေသတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်၏ စစ်ရေးလှုပ်ရှားမှုကို ကန့်ကွက် ကြောင်းနှင့် ဖြစ်ပွားနေသည့်လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့် ရန် ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူက တောင်းဆိုလိုက် သည်။

ကရင်ပြည်နယ် မဲသဝေါဒေ သတွင် မြန်မာ့တပ်မတော်၊ ကရင် ပြည်နယ် နယ်ခြားစောင့်ပူးပေါင်း တပ်ဖွဲ့နှင့် ဒီကေဘီအေခွဲထွက် အဖွဲ့တို့ စက်တင်ဘာ ၂ ရက်က စ ကာ တိုက်ပွဲဖြစ်ပွားနေ၍ စစ်ရေး လှုပ်ရှားမှုများရပ်တန့်ရန် ကေ အင်န်ယူက စက်တင်ဘာ ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
ထို့အပြင် ကေအင်န်ယူထိပ် ပိုင်းခေါင်းဆောင်များက မဲသဝေါ ဒေသတွင် ဖြစ်ပွားနေသည့်ပဋိ ပက္ခများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မထိခိုက်စေရေးနှင့် ဒေသတည်ငြိမ်မှုအမြန်ဆုံးရရှိစေ ရေး ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုသည်။ ကရင်အမျိုးသားအစည်းအရုံးက စက်တင်ဘာ ၁၃ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ရာတွင် ၎င်းတို့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူညီချက်(NCA)ကို လက် မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင် ရွက်နေကြောင်း၊ ဆောင်ရွက်နေ စဉ်ကာလအတွင်း ကေအင်န်ယူ ထိစပ်နယ်မြေဖြစ်သည့် မဲသဝေါ ဒေသ၌ တပ်မတော်နှင့် နယ်ခြား စောင့်တပ်များ၏စစ်ရေးလှုပ်ရှား မှုများနှင့် တိုက်ပွဲများဖြစ်ပွားနေ ခြင်းကြောင့် ပြည်သူလူထုကို နား လည်မှုလွဲမှားစေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်စေနိုင်မည့် ပြဿနာများပေါ်ပေါက်လာမည် ကို လွန်စွာစိုးရိမ်ကြောင်း ကေ အင်န်ယူက ဆိုသည်။
လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲတွင် အဓိကဦးဆောင် တိုက်ခိုက်နေသော ကရင်ပြည် နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ဒီကေဘီအေခွဲထွက်အ ဖွဲ့သည် ဒေသတွင်း ပစ်ခတ်တိုက် ခိုက်မှုများ မကြာခဏဆိုသလို ပြု လုပ်နေသောကြောင့် နောင်မဖြစ် စေရန်  တိုက်ခိုက်နေရကြောင်း ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ၏စစ်ရေး လှုပ်ရှားမှုများကြောင့် မဲသဝေါ ဒေသအတွင်းရှိ ပြည်သူများကို ဒုက္ခရောက်စေပြီး နယ်မြေတည် ငြိမ်အေးချမ်းမှုကို ပျက်စီးစေသ ဖြင့်  မဲသဝေါဒေသ၌  စစ်ရေး လှုပ်ရှားမှုများကို ကန့်ကွက် ကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးရန် ကေအင်န် ယူက တောင်းဆိုထားသည်။
ကေအင်န်ယူစစ်ရေးချုပ် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ‘‘မဖြစ်သင့်မဖြစ်ထိုက်တာ၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက် လို့ ထိခိုက်မှုမရှိအောင် အတတ် နိုင်ဆုံး ကြိုးစားသွားမယ်၊ ထိလွယ်ရှလွယ်အခြေအနေတွေကလည်း တတ်နိုင်သလောက်ကြိုးစားပြီး ရှောင်ရှားသွားမယ်၊ တည်ငြိမ်မှု အမြန်ဆုံးရရှိအောင်လည်း တစ် ဖက်တစ်လမ်းက ကြိုးစားဆောင်  ရွက်သွားဖို့ ရှိပါတယ်’’ဟု 7Day Daily အား ပြောသည်။
ထို့အပြင် ပြည်ထောင်စုအ ဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက မဲသဝေါဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သည် တပ်မတော်ဘက်နှင့် အလွတ်သဘော ဆွေးနွေးမှုများရှိပြီး နယ်မြေခံ ပြည်သူလူထုကို မထိခိုက်စေရေး နှင့် ပြဿနာများဆက်လက်မဖြစ် ပွားစေရေး တပ်မတော်က အောက်ခြေသို့  ညွှန်ကြားထားကြောင်း ပြောသည်။
မဲသဝေါဒေသတွင် မြန်မာ့ တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းတပ်ဖွဲ့နှင့် ဒီကေ ဘီအေခွဲထွက်အဖွဲ့တို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိတွေ့တိုက် ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ၍နေရပ်စွန့်ခွာတိမ်း ရှောင်နေရခြင်းဖြစ်သည်။
အမည်မဖော်လိုသည့် ဒေသ တွင်း သတင်းရင်းမြစ်အချို့ကမူ ဒီကေဘီအေခွဲထွက်အဖွဲ့သည် ၂၁ ရာစုပင်လုံညီလာခံကာလနှင့် အချိန်ကိုက်လှုပ်ရှားမှုများပြုလုပ်ခဲ့ခြင်းမှာ နိုင်ငံရေးအရ အကျိုးအ မြတ်ရယူလို၍ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။
ဒီကေဘီအေခွဲထွက်အဖွဲ့ သည် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်(DKBA)မှ ခွဲထွက် လာခြင်းဖြစ်ပြီး ခေါင်းဆောင်များ မှာ စောကျော်သက်၊ စောဆန်း အောင်တို့ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment