14.9.16

မြစ်ဆုံစီမံကိန်း မြေပြင်အခြေအနေ လေ့လာရန် ကော်မရှင် ကချင်ပြည်နယ်သွားမည်

လူထု ကန့်ကွက်မှု ကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံစာ တင်ပြရမည့် မြစ်ဆုံစီမံ ကိန်း လေ့လာသုံးသပ်ရေး ကော် မရှင် အဖွဲ့ဝင်များ မြစ်ဆုံဒေသသို့ သွားရောက်ကာ မြေပြင် အခြေ အနေများကို သုံးရက်ခန့် လေ့လာမည်ဟု သတင်းရရှိသည်။

‘‘ဒီတစ်ပတ်အတွင်း သွား ဖြစ်မယ်လို့ သိရပါတယ်။ ဘယ် ရက်လဲ အတိအကျ မသိရသေး တာတစ်ခုပဲရှိပါတယ်’’ဟု ကော် မရှင်နှင့် နီးစပ်သူတစ်ဦးက အ တည်ပြုပြောကြားသည်။
မြစ်ဆုံဒေသသို့ သွားရောက် မည့် ကော်မရှင်၏ ခရီးစဉ်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ရုံးသို့ ဆက်သွယ်မေးမြန်းရာ မြစ် ဆုံဒေသကို ကော်မရှင်အဖွဲ့ဝင် များ ယခုတစ်ပတ်အတွင်း လာ ရောက်ရန်  သေချာသော်လည်း  ရက်အတိအကျ မသိရသေးဟု ဆိုသည်။
ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်အဖွဲ့တွင် ပါဝင်သူ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိန်းအား ကော်မရှင်၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားသော်လည်း ၎င်းက ကော်မရှင်၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
လေ့လာရေး ခရီးစဉ်တွင် ဒေသခံများနှင့် တွေ့ဆုံမည် ဆို သော်လည်း မြစ်ကြီးနား မြို့ခံ အရပ်ဘက်အဖွဲ့အစည်းများကိုဆက်သွယ်ထားခြင်းမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်သူ ကချင်တိုင်းရင်းသူ နန့် ပူးက ပြောသည်။
‘‘ကျွန်မတို့ကို ဘာမှမပြော သေးပါဘူး။ လာခဲ့ရင်လည်း ကျွန် မတို့က ကော်မရှင်ကို ကန့်ကွက် သွားမှာပါ။ မြစ်ဆုံရပ်ဖို့က ကော် မရှင်ဖွဲ့စရာမှ မလိုတာ။ မလုပ် သင့်ဘူးလို့ ပညာရှင်တွေ တောက် လျှောက်ပြောခဲ့တာတွေ အများ ကြီးရှိပါတယ်။ ဒီတော့ ဒီစီမံကိန်း ကို လုပ်ချင်လို့ ကော်မရှင်ဖွဲ့တယ် လို့ပဲ ကျွန်မတို့မြင်ပါတယ်’’ ဟု နန့်ပူးက ပြောသည်။
သမ္မတကို တိုက်ရိုက်တင်ပြ ရမည့် မြစ်ဆုံစီမံကိန်းနှင့် အခြား စီမံကိန်းများ၏ အစီရင်ခံစာကို သုံးလအတွင်း အပြီးသတ်ရမည် ဖြစ်ပြီး သုံးလအတွင်း ကော်မရှင် က စာချုပ်များ လေ့လာခြင်းနှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက် ခြင်းများ ဆောင်ရွက်မည် ဖြစ် သည်။ဧရာဝတီ -မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မသွားရောက်မီ ငါးရက်ခန့်အလို (သြဂုတ် ၁၂ ရက်) တွင် ဖွဲ့စည်းခဲ့ သည်။
အဆိုပါကော်မရှင်တွင် ပြည် ထောင်စုဝန်ကြီး ငါးဦးခန့်ပါဝင် ပြီး ဝန်ကြီးဌာန ခုနစ်ခု၊ ပြည် ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုး သားလွှတ်တော်မှ အဖွဲ့ဝင်၊ နိုင်ငံ တကာ ဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားရေအရင်း အမြစ် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တမံကြီးများအသင်း မှ ပညာရှင်နှစ်ဦး ပါဝင်သည်။
ကော်မရှင်က လုပ်ဆောင်ရ မည့်ကိစ္စရပ်များကို ကော်မရှင်ဖွဲ့ စည်းဆောင်ရွက်မှုတွင် အသေး စိတ် ဖော်ပြထားပြီး လေ့လာစောင့်ကြည့်ရမည့် အချက်ပေါင်း ရှစ်ချက် ပါဝင်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment