14.9.16

ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နှစ် ကို ၁၁ ဘီလီယံလောက် ဆုံးရှုံးနစ်နာနေ တဲ့ ဘန်ကောက်

ထိုင်းရဲ့ ဘန်ကောက်မြို့မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စီးပွားရေးဘက်က ကြည့်ရင် တစ်နှစ်ကို ဘတ် ၁၁ ဘီလီယံ လောက်ထိ ဆုံးရှုံးနစ်နာနေစေလျက်ရှိကြောင်း လေ့လာချက်တစ်ရပ်အရ သိရပါတယ်။မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ ယခင်နှစ်ကထက်စာလျင် ယခုနှစ်မှာ လမ်းပေါ်မှာ အချိန်ကုန်ရမှု ၃၅ မိနစ် ပိုများလာခဲ့တယ်လို့လည်း ယင်းလေ့လာချက်မှာ ဆိုထားပါတယ်။

မြို့တော်မှာ ဖြစ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုက တစ်နှစ်ကို ဘတ် ၁၁ ဘီလီယံဒါမှမဟုတ် တစ်နေ့ကို ဘတ်သန်း ၆၀ လာက် ဆုံးရှုံးနေရလျက်ရှိတယ်လို့ Kasidorn သုတေသန စင်တာက ခန့်မှန်းတွက်ချက်ပါတယ်။ အဲဒီလိုကားလမ်းပိတ်လို့လမ်းတွေပေါ်မှာ ကုန်ဆုံးနေရတဲ့အချိန်တွေမှာ ပြည်သူတွေတစ်ခြားစီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးနိုင်ခွင့်တွေ ဆုံးရှုံးရတဲ့အပေါ် အခြေတည်တွက်ချက်သွားခဲ့တာဖြစ်ပါတယ်။ယာဉ်ကြောပိတ်ဆို့မှု က စီးပွားရေးကို နယ်ပယ်သုံးခုထဲမှာ ထိခိုက်နစ်နာစေတယ်လို့ ဆိုပါတယ်။ ပထမနယ်ပယ်တစ်ခုက မြို့က လူနေမှုပုံစံ ပြောင်းလဲသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ လူအများစုကတော့ အမြန်လမ်း ဒါမှမဟုတ် သူတို့ရုံးတွေ အလုပ်တွေနဲ့နီးတဲ့ အမြန်ရ ဆိုင်ငယ်လေးတွေမှာပဲ စားသေက်လာကြရပါတယ်၊ ဒါကြောင့် တစ်ခြား ဆိုင်ကြီးတွေကို အချိန်ပေးပြီးသွားစားကြတာမျိုး မလုပ်နိုင်ကြတော့ပါဘူး” လို့ ယင်းလေ့လာချက်မှာ ဆိုထားပါတယ်။
အလားတူ လူတွေဟာ သွားလာရေးအတွက် ပိုမိုမြန်ဆန်တဲ့စနစ်တွေကို အားကိုးလာကြတာကိုတွေ့ရပြီးတော့ မော်တော်ဆိုင်ကယ်တက္ကစီလိုမျိုးတွေကို ပိုမိုအသုံးပြုလာကြတယ်လို့လည်း သိရပါတယ်။
ဒုတိယနယ်ပယ်မှာ သက်ရောက်မှုကတော့ ယာဉ်ကြောပိတ်ဆို့မှုကြောင့်စွမ်းအင် ဆုံးရှုံးမှုတန်ဖိုးက တစ်နှစ်ကို ဘတ် ၆ ဘီလီယံထိ နစ်နာစေတယ်လို့ ဆိုထားပါတယ်။
တတိယနယ်ပယ်မှာ သက်ရောက်တာကျပြန်တော့လည်း ယခုလိုမျိုး မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု အရေးပေါ်လုပ်ဖို့လိုအပ်လာစေတာကြောင့် ယင်းက စီးပွားရေးပိုင်းမှာငွေကြေးတွေ ထပ်မံစိုက်ထူစေသလိုဖြစ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment