14.9.16

ရန်ကုန်တွင် အိမ်ခြံမြေ ရောင်းဝယ်ရာမှ အခွန်ကျပ် ၁၀ ဘီလီယံ ရရှိထားဟုဆို

ယခုဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်အထိ ငါးလအတွင်းရန် ကုန်တိုင်းတွင် အိမ်ခြံမြေရောင်း ၀ယ်ခြင်းမှ အခွန်ငွေကျပ် ၁၀ ဘီလီယံ ကောက်ခံရရှိထား ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်ပါက သက်ဆိုင်ရာ အခွန်ရုံး တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ က သတ်မှတ်ပေးထားသည့်အခွန် နှုန်းထားများအတိုင်း တန်ဖိုးဖြတ် ပြီး အခွန်ပေးဆောင်ရမည်ဖြစ် ကာ အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်ခြင်းတို့မှ ၀င်ငွေခွန်ကျပ်လေး ဘီလီယံနှင့် တံဆိပ်ခေါင်းခွန်ကျပ် ခြောက်ဘီလီယံ ကောက်ခံရရှိ ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးတစ် ဦးကပြောသည်။
အိမ်ခြံမြေအရောင်းအ၀ယ် ဖြစ်သည့် ငွေကြေးနှင့်ကိုက်ညီ သော တံဆိပ်ခေါင်းကပ်ရမည် ဖြစ်ပြီး တံဆိပ်ခေါင်းမကပ်ဘဲ ချုပ်ဆိုထားသည့် စာချုပ်များ သည် တရားဥပဒေအရ အကျုံး ၀င်ခြင်းမရှိဘဲ စစ်ဆေးတွေ့ရှိပါ က သတ်မှတ်တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရ မည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။
အစိုးရသစ်လက်ထက် တွင် ၂၀၁၆ ဧပြီ ၁ရက်မှစတင် အ သက်ဝင်သည့် ပြည်ထောင်စု အ ခွန်အကောက်ဥပဒေအရ ၀င်ငွေ ရလမ်းဖော်ပြနိုင်ပါက အိမ်ခြံမြေ ၀ယ်ယူရာတွင် အခွန်ပေးဆောင် ရန် မလိုတော့ပေ။
ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိမှသာ အိမ်ခြံမြေ အခွန်နှုန်း ထားများမှာ တစ်ကျပ်မှကျပ်သိန်း တစ်ထောင်အထိ အခွန် ၃ ရာ ခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင် ကျော်မှသိန်းငါးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင် ကျော်မှ သိန်းတစ်သောင်းအထိ ၁၀ ရာ ခိုင်နှုန်း၊ ကျပ်သိန်းတစ် သောင်းကျော်မှ သိန်းတစ်သောင်း ခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ် သိန်းတစ်သောင်းခွဲအထက်ကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ အိမ်ခြံမြေအခွန်နှုန်းထား များအရ တစ်နှစ်တစ်ကြိမ်ပြောင်း လဲရေးဆွဲ သတ်မှတ်ထားသော် လည်း ယခုနှစ်တွင် ၂၀၁၅ ၌ သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ အိမ်ခြံမြေအခွန်စည်း ကြပ်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment