14.9.16

၁၀၆ မဂ္ဂါဝပ်သဘာဝဓာတ်ငွေနဲ့စွန့်ပစ်အပူပေးဓါတ်အားပေးစက်ရုံ အပါအ၀င် ပြည်တွင်းပြည်ပလုပ်ငန်း ၂၃ ခုကို MIC ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သောင်းကျော်ပေးနိုင်မယ်


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ၁၇/၂၀၁၆ အစည်းအဝေးကနေ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူပေးဓါတ်အားပေးစက်ရုံလုပ်ငန်းအပါအ၀င် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုကိုခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ယခု ခွင့်ပြုလိုက်တဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ခုကနေ အလုပ်အကိုင် အခွင့်အလမ်း ၁၀၁၉၀ ခု ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
၁၀၆ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့နဲ့ စွန့်ပစ် အပူပေး ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊သာကေတဓာတ်အားပေး စက်ရုံးဝင်း အတွင်းမှာU Energy Thaketa Power Co.,Ltd က ဖက်စပ်ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ကျောက်စိမ်းဘုရင်နဲ့ ဘုရင်မ ကျောက်မျက်ရတနာကုမ္ပဏီကနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်မယ့် မွန်ပြည်နယ်၊သထုံမြို့နယ်၊ ညောင်ချောင်းရာဘာခြံမှာ ရာဘာ စိုက်ပျိုးခြင်းနဲ့ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ခွင့်ပြုခဲ့ပါတယ်။ရေချိုနဲ့ ရေငန်ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ စားသောက်ကုန်နဲ့ စိုက်ပျိုးရေးအခြေခံလယ်ယာထွက်ကုန် ၀န်ဆောင်မှုလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကုန်ပစ္စည်းဒီဇိုင်း ပုံနှိပ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သံနဲ့ အလူမီနီယံပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပိုက်ကွန်အမျိုးမျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ထရန်စဖော်မာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်နဲ့ အထည်ချုပ်လုပ်ငန်းများ၊ စတဲ့ လုပ်ငန်းအမျိုးအစားများကိုခွင့်ပြုခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကအစည်းအဝေး ၆ ကြိမ်ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို တစ်လလျှင်အနည်းဆုံး ၂ ကြိမ်ခန့်ပြုလုပ်ပြီးပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment