29.3.13

ရန်ကုန်သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေ တိုးမြှင့်

သင်္ကြန်မဏ္ဍပ် တည်ဆောက်မှု အတွက် အာမခံ စပေါ်ငွေကို ၂ဝ၁၂ ခုနှစ်ထက် တိုးမြှင့် သတ်မှတ် ထားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။ ၂ဝ၁၂ ခုနှစ်တွင် သင်္ကြန် မဏ္ဍပ်ကြီး များအတွက် အာမခံ စပေါ်ငွေကို ကျပ်သိန်း ၅ဝ ထားရှိ သော်လည်း ယခုနှစ်တွင် ကျပ် ၇၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး မဏ္ဍပ် အလတ်များကို ယခင် ကျပ် သိန်း ၃ဝ မှ ၄၅ သိန်းသို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ”သစ်ပင်တွေ၊ ပလက်ဖောင်းတွေ ပျက်စီးရင် လျော်ကြေးနုတ် ယူနိုင်ဖို့ ခေတ်ကာလ နဲ့အညီ တိုးသတ်မှတ် လိုက်ရတာပါ” ဟု ရန်ကုန် စည်ပင် လမ်း၊ တံတား ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

သင်္ကြန်ကာလ အတွင်း ပျက်စီး ဆုံးရှုံးမှုတွင် သစ်ပင်များ ပျက်စီး မှုသာ များပြားပြီး မဏ္ဍပ်အနည်း ငယ်သာ လျော်ကြေးပေးဆောင် ရသည်ဟု ၄င်းက ပြောသည်။ ”မနှစ်ကဆို လျော်ကြေးပေး ရတာ မဏ္ဍပ်အားလုံးရဲ့ သုံးပုံပုံ တစ်ပုံတောင် မရှိပါဘူး” ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ပုဂ္ဂလိ က မဏ္ဍပ် ၃၇ ခု ခွင့်ပြုထားပြီး မဏ္ဍပ် ဆောက်လုပ်ရန် အတွက် ခွင့် ပြုချက် ရရှိသူသည် အခြား သူများ သို့ ငှားရ မ်းခြင်း၊ လွှဲပြောင်းရောင်း ချခြင်း ပြုလုပ်ခွင့်မရှိဘဲ လျှောက်ထား သူကိုယ်တိုင် ဆောက်လုပ် အသုံးပြုရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စည်းကမ်းချက် ချမှတ် ထားသည်။ လိုက်နာ မှု မရှိပါက ရောင်းချသူနှင့် ငှားရမ်းသူ နှစ်ဦးစလုံး အရေးယူခြင်း ခံရ မည်ဟု သိရသည်။

0 comments:

Post a Comment