29.3.13

သရေရလဒ်ကြောင့် အခက်တွေ့သွားရသည့် အင်္ဂလန် အသင်း

အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်သည် မွန်တီနီဂရိုး အသင်းနှင့် ပွဲစဉ်တွင် ၎င်းတို့ အသင်း အဝေးကွင်း၌ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ခြင်း အပေါ် အသင်းကို အပြစ်မမြင်ကြောင်း သိရသည်။ မွန်တီနီဂရိုး အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ခြေစွမ်းပိုင်း မကောင်းခဲ့သလို ခံစစ်ပိုင်း၌လည်း အားနည်းမှုများ ဖြစ်ပေါ်နေခဲ့၍ ယခုလို သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်ပြီး ယင်း ပွဲအပြီးတွင် အင်္ဂလန် အသင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၃ ပွဲမြောက် သရေရလဒ်ကို ရရှိခြင်း ဖြစ်ကာ အုပ်စုဗိုလ် နေရာသို့ ရောက်ရှိရန်အတွက် လာမည့် လက်ကျန်ပွဲ အနည်းငယ်တွင် အမှားဖြစ်ခွင့် မရှိတော့ဘဲ ကြိုးစားရတော့မည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ မွန်တီနီဂရိုးနှင့် အဝေးကွင်း ပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ပထမပိုင်း ၆ မိနစ်တွင် ရွန်းနေ၏ သွင်းဂိုးဖြင့် အသာရေနေသော်လည်း ပွဲချိန် ၇၆ မိနစ်တွင် မွန်တီနီဂရိုး အသင်းကို ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲစဉ် အပြီးတွင် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်က မိမိတို့ အသင်းမှာ အနည်းဆုံး Play-off တစ်နေရာကို မျှော်လင့် ရတော့မည် ဖြစ်ကြောင်း၊ ချေပဂိုးပြန်ပေးခဲ့ရသည့် အသင်း ခံစစ်အတွက် မိမိတို့မှာ လူသားများ ဖြစ်၍ အမှားမကင်းနိုင်သလို ဘောလုံးလောကမှာလည်း ယခုလို အခြေအနေများ ဖြစ်တတ်ကြောင်း ဆိုသည်။

0 comments:

Post a Comment