4.12.14

လိပ်ကျွန်းအမှု တရားရုံးသို့ အမှုတွဲ တင်ပြီ


လိပ်ကျွန်းအမှုတွဲကို တရားရုံးတင်လိုက်ပြီလို့ သံရုံးအထူးအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦးက ဒီဗွီဘီကို ဒီကနေ့ မွန်းတည့်က ပြောပါတယ်။
“ကော့ဆမွီခရိုင် တရားရုံးအကြီးအကဲတယောက်ကလာပြီး အမှုတွဲတင်လိုက်တယ်ခင်ဗျ။ အခု သူတို့ အခန်းထဲမှာ အမှုတွဲတွေ စစ်ဆေးနေကြတယ်။ ကလေး ၂ ယောက်ကိုတော့ ဒီဇင်ဘာလ ၈ ရက်နေ့ တနင်္လာနေ့မှ ရုံးထုတ်ဖြစ်မယ်လို့ ကျနော်တို့ရှေ့နေက ပြောတယ်။ ဒါပေမယ့် ကျနော်တို့ စောင့်နေတုန်းဘဲ။ သူတို့ ဘာဆက်လုပ်မလဲဆိုတာကို လိုက်ကြည့်ဖို့နဲ့ အမှုတွဲ မိတ္တူကိုတောင်းရမှာလေ။ အဲဒီထဲမှာ ဘာအချက်တွေ ပါသလဲဆိုတာကို ကြည့်ပြီးတော့မှ ကျနော်တို့ရှေ့နေတွေက ချေပတာတွေ လုပ်ရမှာ။ ပြီးတော့ အာမခံပေးဖို့လည်း လုပ်ရမှာ ဖြစ်တယ်။”

အောက်တိုဘာလ ၈ ရက်နေ့က ခိုတောင်အမှုကို အထူးစုံစမ်းရေးရဲတပ်ဖွဲ့က ကော့စမွီခရိုင် ထိုင်းအစိုးရရှေ့နေကောင်စီလက်ထဲကို စာမျက်နှာ ၈၀၀ ပါအမှုတွဲကို အပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမှုကို ကမ္ဘာအနှံ့က စိတ်ဝင်စားနေတဲ့အတွက် ကျစ်လျစ်ခိုင်မာအောင် ပြန်လည်တည်ဆောက်ဖို့ ရဲလက်ထံ ပြန်အပ်ခဲ့ပြီးနောက် တရားရုံးတင်ဖို့ အဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment