17.12.13

မျက်နှာပြင် ၅.၅ လက်မ အရွယ်ရှိ LG Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်

LG သည် LG G2 နှင့် Optimus G pro တို့မှ feature များပါဝင်သော Gx ကို ကိုရီးယားတွင် စတင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

LG Gx တွင် full-HD ရရှိသော ၅.၅ လက်မ IPS display၊ 13-megapixel ကင်မရာနှင့် quad-core Qualcomm Snapdragon 600 ပရိုဆက်ဆာ ပါဝင်ပြီး LG G2 ကဲ့သို့ပင် ကြီးမားသော အရွယ် အစားဖြင့် ပြုလုပ်ထားသည်။



၎င်း ဟန်းဆက်အသစ်တွင် screen ကို နှစ်ချက်နှိပ်လိုက်သည့်အခါ ဖုန်းပွင့်လာမည့် Knock-On ကဲ့သို့ feature များပါဝင်သလို QuickWindow အိတ်ကဲ့သို့ အပိုပစ္စည်းများလည်း ပါဝင်သည်။ အဆိုပါ ဟန်းဆက်များသည် 2.6GHz LTE တို့တွင်လည်း အသုံးပြု၍ ရကြောင်း ကြေညာချက်တွင် ထုတ်ပြန် ခဲ့သောကြောင့် စင်ကာပူ နှင့် ဟောင်ကောင် တို့တွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

ယခု ဟန်းဆက်အသစ်သည် G Flex ဟန်းဆက် လိုပင် ကိုရီးယားနှင့် နိုင်ငံတကာ ဈေးကွက်များတွင် ရောင်းချသွားဖွယ်ရှိနေသည်။

Ref: CNET
Internet Journal

0 comments:

Post a Comment