11.9.14

စက်မှုလယ်ယာစနစ် ဘယ်တော့ရောက်နိုင်မလဲ


လယ်ယာစိုက်ပျိုးရေးတွင် အဓိကအခက် အခဲကြုံတွေ့နေရသည်မှာ လယ်ယာလုပ် သား ရှားပါးခြင်းပြဿ နာ ဖြစ်သည်။
မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးစနစ်မှာ မိရိုးဖလာစိုက် ပျိုးသည့်စနစ်ကိုသာကျင့်သုံးပြီး လူနှင့် ကျွဲ၊ နွားကိုသာ အဓိကအသုံးပြုကြသည်။
ဆန်စပါးစိုက်ဧက မိုးစပါး ၁၆ သန်းနှင့် နွေစပါးသုံးသန်း စုစုပေါင်း ၁၉သန်းနီးပါးစိုက် ပျိုးကြပါသည်။ စပါးစိုက်တောင်သူ ခြောက်သန်းခွဲခန့်ရှိသည်။
ဆန်စပါးစိုက်ပျိုးသည့်အခါတွင် စိုက်ပျိုးရေးပညာ ရှင်များမှ အကြံပြုထားသည့် စနစ်တကျ ပျိုးထောင်စိုက် ပျိုးပါက စပါးအတွက်ပိုကောင်းပြီး မျိုးစပါးသုံးစွဲရ သက် သာသော်လည်း ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက်ရန် အလုပ်သမငှား၍ အဆင်မပြေဖြစ်နေ၍ ကြဲခင်းဖြင့်သာ နှစ်ပါးသွားရပါသည်။
အသိပညာရှိသော်လည်း အခြေ အနေမပေးသည့် အနေအထားကြောင့် ဆောင်ရွက်နိုင် ကြခြင်းမရှိကြပါ။ စိုက်ပျိုးမြေအများစုမှာ လုပ်ကွက်ငယ် (၁ဝ ဧကအောက်)သာ လုပ်ကိုင်နေကြသူများပါသည်။ ဆည်ရေသောက်ဧရိယာမှာ စိုက်ဧကအားလုံး၏ ၁ဝ ရာ ခိုင်နှုန်းအောက်သာ ရှိသည်။ အများစုမှာ မိုးရေကိုသာ အားထားနေကြရပါသည်။
အိမ်နီးချင်းနိုင်ငံများတွင် စက်မှုလယ်ယာစနစ်သို့ ကူး ပြောင်းလုပ်ကိုင်နေကြသည် မှာ မြန်မာနိုင်ငံအတွက် အတု ယူစရာပင်ဖြစ်ပါသည်။ ပြောင်းလဲလာသော စီးပွားရေး ပေါ်လစီများအရ အလုပ်အကိုင်အခွင့်အလမ်းအချို့ပေါ် ပေါက်လာခြင်း (ဥပမာ-အထည်ချုပ်လုပ်ငန်း) အခြေခံအ လုပ်သမားများ၏ လုပ်ခလစာတိုးမြင့်လာခြင်း၊ မြို့ပြသို့ ပြောင်းရွှေ့မှုပိုမိုများပြားလာခြင်းတို့သည် လယ်ယာလုပ် သားရှားပါးစေသောအချက်များဖြစ်ပါသည်။ လယ်ယာ လုပ်သားရှားပါးမှုသည် သီးနှံအရည်အသွေးများကိုလျော့ ကျစေပြီး အလေအလွင့်ဆုံးရှုံးမှုများပြားစေသည်။
လယ်ယာသုံးစက်မှုပစ္စည်းများ မပိုင်ဆိုင်သည့် လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးချိန်များတွင် လုပ်သားလိုအပ်မှု အလွန်မြင့်မားသည်။ ထို့အပြင် လုပ်ငန်း ခွင်ဘေးအန္တရာယ်များဖြစ်သည့် မြွေကိုက်ခြင်း၊ ပိုးသတ် ဆေးအဆိပ်ဖြစ်ခြင်း၊ နေလောင်ခြင်းနှင့်မိုးမိဖျားနာခြင်း တို့သည်လည်း လုပ်သားများအတွက် လုပ်အားလျော့ပါး စေသောအချက်များဖြစ်သည်။
ထို့ကြောင့် ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများတွင် လိုသည်ထက်ပို၍ကြာမြင့်ပြီး ဆန်စပါးများကို လယ်ကွင်း ထဲတွင် ကြာမြင့်စွာ မရိတ်သိမ်းနိုင်ခြင်းကြောင့် အရည်အ သွေး ကျဆင်းစေသည်။
ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကလည်း လယ်ယာသုံး စက်ပစ္စည်းများကို အပြိုင်အဆိုင် တင်သွင်းလာခဲ့ကြပါသည်။ တရုတ်နိုင်ငံမှထုတ်လုပ်သော လက်တွန်းထွန်စက်၊ ထော် လာဂျီများမှာ နှစ်ပေါင်းများစွာ ကပင် မြန်မာပြည်၏ကျေး လက်တွင် နေရာယူထားကြပါသည်။ ထွန်ယက် ရာနှင့် သယ်ယူပို့ဆောင်ရာတွင် အသုံးတည့်နေသော စက်များ ဖြစ်ပါသည်။
ယခုအခါတွင် နိုင်ငံကြီးများမှ ဂျွန်ဒီးယား၊ နယူးဟော်လန်ကဲ့သို့သော ထွန်စက်ကြီးများ၊ ကူဘိုတာ၊ ယာမဟာကဲ့သို့သော ဂျပန်နိုင်ငံထုတ်တံဆိပ်များလည်း ဈေးကွက်ချဲ့ထွင်ရောက်ရှိလာခဲ့ကြပါသည်။
မြေယာပြုပြင်ရန်အတွက် ထွန်စက်ကြီးများ၊ မြေညှိ စက်ကြီးများ လိုအပ်သော်လည်း ပုံမှန်စိုက်ပျိုးထွန်ယက် ရန်အတွက်မူ လက်တွန်းထွန်စက်များက အသုံးဝင်ပါသည်။ ပြည်တွင်း ထုတ်ခြွေလှေ့စက်များကလည်း စပါးခြွေလှေ့ ရာတွင် အသုံးတည့်ပါသည်။
သို့ရာတွင် အဓိကအခက် အခဲကြုံတွေ့နေရသည်မှာ စပါးရိတ်သိမ်းချိန်ပင် ဖြစ်သည်။ မောင်းညိုချိန်တွင် ရိတ်သိမ်းပါမှ အကောင်းဆုံးအခြေအ နေကို ရရှိနိုင်မည်ဖြစ်ပါသည်။ စပါးပေါ်သည့်အချိန်သည် နယ်တစ်နယ်လုံး၊ တစ်ရွာလုံး နှစ်ပတ်သုံးပတ်အတွင်း ရိတ်သိမ်းကြမည်ဖြစ်ပါသည်။ စပါးရိတ်သမများကို ကြို တင်၍ စာချုပ်ချုပ်ထားသော်လည်း တကယ်ရိတ်သိမ်းရန် အချိန်ကျ သည့်အခါ ပိုပေးသည့်နေရာသို့ သွားရောက် လုပ်ကိုင်ကြပါသည်။ လယ်ယာလုပ်သားရှားပါးသည့် အချိန်ဖြစ်သောကြောင့် အလုအ ယက် ဝိုင်းဝန်းခေါ်နေကြရပါသည်။
-၂-
ရိတ်သိမ်းချိန်တွင် လိုအပ် သည့်လယ်ယာကဏ္ဍဝန်ဆောင် မှုများသည်လည်း ခိုင်မာလုံလောက် မှု မရှိပေ။ (ဥပမာ လယ်ယာသုံး စက်ပစ္စည်းငှားရမ်းခြင်း၊ အခြောက် ခံခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်း များ) ဤလိုအပ်ချက်များသည် ဆန် စပါးကဏ္ဍတွင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးသွားမည့် သီးနှံများအတွက် ကန့်သတ်ချက်အခက်အခဲများဖြစ်သည်။ ချိန်ခါမဟုတ် မိုးကလည်း ကြောက်နေရပါသည်။ မရိတ် သိမ်းမီ မိုးရွာပါက စပါးရေစိုပြီး ဆန်ဝါဖောက်၍ တိရစ္ဆာန် အစာသာ ရောင်းချရမည်ဖြစ်ပါသည်။ ပုံမှန် ရနေကျ စပါး ဈေး၏ထက်ဝက်လောက်ပင် မရချင်တော့ပါ။
ထို့အပြင် နွေစပါးစိုက်မည့်သူ၊ ပဲစိုက်ပျိုးမည့် တောင်သူများသည်လည်း ရိတ်သိမ်းပြီးပါက ထပ်မံထွန် ယက်ရန် အချိန်လုနေရပါသည်။
တောင်သူများအနေဖြင့် ဒုတိယသီးနှံများစိုက်ပျိုးနိုင်ရန် လယ်ယာကိုပြုပြင်ထွန်ယက် မှုလိုအပ်ခြင်းကြောင့် ရိတ်သိမ်းခြင်းကို စောစီးစွာ အရင်ပြု လုပ်လိုကြသည်။ သီးနှံများကို အသင့်တော်ဆုံးအချိန်တွင် မရိတ်သိမ်းနိုင်တော့ဘဲ အဆင်ပြေသည့်အချိန်တွင် ရိတ် သိမ်းရသဖြင့် သီးနှံအရည်အသွေးများကျဆင်းလာပါသည်။ ရိတ်သိမ်းချိန်များတွင် လုပ်သား၊ သယ်ယူပို့ဆောင်ရေး၊ အခြောက်ခံစနစ်နှင့် သိုမှီးရန်နေရာ မလုံလောက်ခြင်းတို့ ကြောင့် တစ်ခါတစ်ရံ သီးနှံများကို လယ်ကွင်းထဲတွင် ဆက် လက်ထားရပြီး ရှိသင့်သည့်အစိုဓာတ်မရှိခြင်းနှင့် ပိုးမွှား ကျခြင်းတို့ကိုဖြစ်စေသည်။ နေ့တွင် နေပူ ညတွင်အေး၍ အဆိုပါစပါးများကိုဆန်ကြိတ်ပါက အကျိုးအကြေများပြီး တစ်ဝက်ပင် ဆန်ကောင်းမရကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆန်ပိုင်၊ စပါးပွဲစားတို့က ဈေးနှိမ်၍ဝယ်ခြင်းတို့ ကြုံတွေ့ရပါသည်။
အဆိုပါပြဿ နာများကိုဖြေရှင်းရန်မှာ ရိတ်သိမ်းခြွေ လှေ့စက်( Combine Harvestor )များကို မဖြစ်မနေ အ သုံးပြုကြရမည် ဖြစ်ပါသည်။ တစ်ခါတည်း ရိတ်သိမ်းခြွေ လှေ့ပြီး အိတ်သွတ်နိုင်သောကြောင့် မိုးမိရန်လည်း မစိုး ရိမ်ရတော့ပါ။ ကန်သင်းရိုးပေါ်ပုံထား၍ လေလွင့်မည်ကို လည်း မကြောက်ကြရတော့ပါ။ ဆန်ကြိတ်ရာတွင်လည်း ဆန်သားပိုထွက်ပါသည်။
ရိတ်သိမ်းခြွေလှေ့စက် (Combine Harvestor)များ ခေတ်စားလာသောအခါ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား အစရှိသည့်နိုင်ငံများမှ အသစ် ရော၊ အဟောင်းရော တင်သွင်းကြပါသည်။ ဂျပန်နိုင်ငံက လည်း ဖျက်ဆီးရမည့် ရိတ်သိမ်းခြွေလှေ့စက် အစုတ်အ ပြတ်များကို ကွန်တိန်နာထဲထည့်ပြီး တင်လွှတ်လိုက်ပါ သည်။ ရိတ်သိမ်းခြွေလှေ့စက်တိုင်းသည် မြန်မာပြည်ရှိ လယ်ယာမြေနှင့် ကိုက်ညီခြင်းမရှိ၍ ရောင်းသူ၊ ဝယ်သူ ကြား အချင်းများကြရပါသည်။ တစ်နာရီ ဘယ်နှဧကပြီး မည်ဟုပြောသော်လည်း လက်တွေ့တွင် မြေပြင်အခြေအ နေအရ ထင်တိုင်း မပေါက်သည်ကို တွေ့ရှိရပါသည်။
စပါးစိုက်ပျိုးရာတွင် ပျိုးထောင်၍မစိုက်ဘဲ ကြဲခင်း သာ စိုက်ပျိုးခြင်း၊ ပေါင်းမြက်များ နိုင်အောင်မလိုက်ခြင်း၊ ဧရာဝတီတိုင်းဒေသဘက်တွင် မြေကျွံခြင်းအစရှိသည့် အ ခက်အခဲများအပြင် လယ်မြေအများစုမှာ စက်မှုလယ်ယာ မြေ ဧကကွက်ကြီးမျိုးမဟုတ်ဘဲ လုပ်ကွက်ငယ်များ ဖြစ် နေ၍ လယ်ကန်သင်းများရှိနေသောကြောင့် စက်များရွှေ့ ပြောင်းရာတွင် အခက်အခဲ ကြုံတွေ့ရပါသည်။
ကုန်ထုတ် လမ်းများမရှိခြင်း၊ မြစ်ချောင်းများပေါများခြင်းကြောင့်လည်း အချို့နေရာများတွင် ရိတ်သိမ်းခြွေလှေ့စက်များသယ်ယူ ရန် ဘောယာများတည်ဆောက်၍ ရွှေ့ပြောင်းရပါသည်။
ရိတ်သိမ်းခြွေလှေ့စက်များမှာ ကတ်ကြေးကိုက်ပုံစံမျိုး ရှေ့ တွင် အသွားများပါပြီး ညှပ်ယူသောကြောင့် မညီညာသည့် မြေမျက်နှာပြင်များတွင် လုပ်ငန်းမတွင်ပါ။ ကူဘိုတာအမျိုး အစား ထိုင်းနိုင်ငံမှထုတ်လုပ်သောဒလက်ပါသည့် ရိတ် သိမ်းခြွေလှေ့စက်များမှာ မြန်မာပြည်နှင့် ပို၍ ကိုက်ညီသည် ကိုတွေ့ရပါသည်။ ရှေ့ဒလက်မှ ရိတ်သိမ်းသောကြောင့် ကတ်ကြေးကိုက်များထက် အလေအလွင့် အနည်းငယ်ပို သော်လည်း အောက်ပြည်အောက်ရွာတွင်မူ အဆင်ပြေ သည်ကို တွေ့ရှိရပါသည်။ မြင်းကောင်ရေ ၇ဝအားရှိ ကူဘို တာရိတ်သိမ်းခြွေလှေ့စက် ( Combine Harvestor ) တစ် စီးမှာ ကျပ်သိန်း ၃ဝဝကျော် ရှိပါသည်။ တော်ရုံလယ်သ မားများဝယ်ယူရန် လက်လှမ်းမမီသော အခြေအနေဖြစ် ပါသည်။ လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုဝန် ကြီးဌာနတို့၏စီစဉ်မှုဖြင့် ကိုရီးယားနိုင်ငံမှ ရိတ်သိမ်းခြွေ လှေ့စက်အစီး ၄ဝဝကျော် တင်သွင်းလာပါသည်။
-၃-
သို့ရာတွင် အဆိုပါစက်များမှာ ကတ်ကြေးကိုက်ပုံစံ ဖြစ်နေ၍ ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချရာတွင် လယ်သ မားများ စိတ်ဝင်စားမှု နည်းပါးသည်ကို တွေ့ရှိရပါသည်။ စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသတွင် ကတ်ကြေး ကိုက်ပုံ ရိတ်သိမ်းခြွေလှေ့စက်မှာ အသုံးပြုရန် အဆင်မပြေ ၍ ဈေးနှုန်းသက်သက်သာသာဖြင့် အရစ်ကျရောင်းချသော် လည်း လယ်သမားများ ဝယ်ယူမှုနည်းရခြင်းဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံများကဲ့သို့ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန်အတွက် အဓိကပံ့ပိုးရမည်မှာ နိုင်ငံတော် အစိုးရပင်ဖြစ်ပါသည်။ တောင်သူလယ်သမားများ အနေ ဖြင့် စိုက်ပျိုးစရိတ်လုံလောက်အောင်ပင် မနည်းချေးငှား လုပ်ကိုင်နေရ၍ စက်ပစ္စည်းများကိုဝယ်ယူရန်မှာ အများစု က တတ်နိုင်ကြမည်မဟုတ်ပါ။
လယ်ဆည်ဝန်ကြီးဌာန၏ ထွန်စက်စခန်းများကို ပြန်လည်အသက်သွင်းရန် အရေး တကြီး လိုအပ်နေပါသည်။ ပုဂ္ဂလိက၊ သမဝါယမအဖွဲ့အ စည်းများ၊ ကုမ္ပဏီများသည်လည်း အငှားလိုက်ဝန်ဆောင် မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင် တိုက်တွန်းဖို့လိုအပ်ပါသည်။
သို့မှသာ လယ်ယာလုပ်သား ရှားပါးမှုကို ဖြေရှင်းနိုင်မည့် စက်မှုလယ်ယာစနစ်သို့ ကူး ပြောင်းနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ သို့ မဟုတ်ပါက စက်မှုလယ်ယာကူးပြောင်းရေးမှာ 'ရွှေပြည် တော် ... မျှော်လေတိုင်းဝေး။ ဆိုသလိုဖြစ်နေမည်သာ ဖြစ်မည်။

‎TheYangonTimes‬

0 comments:

Post a Comment