13.11.15

စီမံကိန်းများမပြီးပါက ပိုလျှံငွေများ လျင်မြန်စွာ ပြန်အပ်ရန် သမ္မတပြော


ဝန်ကြီးဌာနများကလက် ရှိလုပ်ဆောင်နေသည့် စီမံကိန်း များကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် မပြီးစီးနိုင်ပါက ပိုလျှံငွေများ ကို လျင်မြန်စွာ ပြန်လည်အပ်နှံနိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြား သည်။


ဦးသိန်းစိန်က နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး၌ ယခုကဲ့သို့ ထည့်    သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ရငွေ များကို ပိုမိုရရှိနိုင်ရေးနှင့်သုံးငွေ များ၌ အလေအလွင့်မရှိ ထိရောက်စွာ ယခုဘဏ္ဍာနှစ်တွင် အသုံးပြုသွားကြရန် သမ္မတက တိုက်တွန်းခဲ့ပြီး မပြီးစီးနိုင်သည့် စီမံကိန်းများထဲမှ သုံးစွဲခြင်းမပြုနိုင်သည့် ဘဏ္ဍာငွေများကို ဆောလျင်စွာ ပြန်အပ်ရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။
နိုဝင် ဘာ ၈ ရက်ရွေးကောက်ပွဲအလွန်တွင် ပြုလုပ်သော အစည်းအဝေး၌သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန် မာနိုင်ငံ၏နေရာအနှံ့အပြားတွင် အနိုင်ရရှိမှုသေချာသလောက်ဖြစ် နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရပါတီတစ်ခု ဖြစ်လာနိုင်သောကြောင့် အစိုးရ သစ်သို့ လွှဲပြောင်းပေးချိန်တွင် အသုံးစရိတ်များရှင်းလင်းစေရန် ရည်ရွယ်၍ နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ရည်ညွန်းပြောကြား သွားခြင်းဖြစ်သည်။
လက်ရှိ နိုင်ငံ၏စီးပွားရေးမှာ အမေရိကန်ဒေါ်လာတန်ဖိုးခိုင်မာ လာမှုကြောင့် အခြားနိုင်ငံများ နည်းတူ ပြည်တွင်းငွေတန်ဖိုးကျ ဆင်းခြင်းတို့ ကြုံတွေ့နေရကြောင်း ဦးသိန်းစိန်က ဆိုသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနများက ခွင့်ပြုငွေ တောင်းခံစဉ် အမေရိကန်တစ် ဒေါ်လာလျှင် ၁,၀၂၀ ကျပ် နှုန်းဖြင့်  တွက်ချက်ခဲ့ရာမှ ယခုအခါ တစ် ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သို့ ရောက်ရှိနေပြီဖြစ်၍ ဝန်ကြီး ဌာနများက တောင်းခံငွေ ပိုမိုမြင့်တက်လာခြင်းများရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယခုနှစ်အတွင်း မြန် မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ် ခဲ့သည့် သဘာဝဘေးဒဏ်များ ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ အသုံးစရိတ်များမှာ မလွဲမသွေ သုံးစွဲရမည်ဟု ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် သမ္မတက ပြောကြားသွားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment