13.11.15

ဒေါ်လာတန်ဖိုး ယူရိုထက်အနည်းငယ်ကျဆင်း


  ဒေါ်လာငွေဈေးနှုန်းဟာ နိုဝင်ဘာ ၁၁ ရက်က ယူရိုငွေဈေးအပြင်
အခြား အဓိက ငွေဈေးနှုန်းများထက် အနည်းငယ်ကျဆင်းခဲ့တယ်လို့
သိရပါတယ်။

"ငွေဈေး ဈေးကွက်အပြောင်းအလဲက ဘာမှ မယုံကြည်ရဘူး"လို့
Wells Fargo Securities ရဲ့ ငွေကြေးဗျူဟာ အကြီးအကဲ Nick Bennenbroke
က ပြောကြားခဲ့ပြီး ယခုလို ငွေဈေးကျဆင်းခဲ့တာက
အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ အားလပ်ရက်
များစွာရှိနေခြင်းကြောင့်လို့ ဆိုခဲ့ပါတယ်။

"အမေရိကန်နိုင်ငံက စစ်ပြန်များနေ့ (The Veterans Days) ပိတ်ရက်က
ဈေးကွက်ကို ကျဆင်းစေပြီး ဒါဟာ မကြာသေးခင်အပတ်က
ဒ်ါလာဈေးခိုင်မာမှုကို ကျစေတဲ့ အကြောင်းအရင်းထဲက တစ်ခုပါပဲ"လို့ DailyFX က Christopher Vecchio ကဆိုပါတယ်။

ယူရိုငွေဈေးဟာ နိုဝင်ဘာ ၁၀ ရက် ဈေးကျမှုဖြစ်တဲ့ ၁ ဒသမ
၀၆၇၅ ဒေါ်လာ ကနေပြန်လည် မြင့်တက်ခဲ့ပါတယ်။ ယူရိုဈေးနှုန်းဟာ
လက်ရှိအချိန်မှာ ၁ ဒသမ ၀၇၂၇ မှ ၁ ဒသမ ၀၇၂၇ ဒေါ်လာသို့
ပြန်လည် မြင့်တက်ခဲ့ပါတယ်။

သို့သော်လည်း ဗဟိုဘဏ်ကနေပြီး ကိုးနှစ်အတွင်း ပထမဆုံး
အကြိမ်အဖြစ် ဒီဇင်ဘာလမှာ အတိုးနှုန်းတိုးမြှင့်နိုင်ခြေကို
မြှင့်တင်ခဲ့တဲ့ အမေရိကန်ရဲ့ အလုပ်အကိုင်စစ်တမ်းက
ယူရိုဈေးနှုန်းကို လှုပ်ခတ်နိုင်စွမ်းလည်း ရှိနေပါတယ်။

"ငွေကြေးဈေးကွက်က ဒီနှစ်ကုန်မှ ချမှတ်မယ့် ရန်ပုံငွေမူဝါဒကို
အာရုံထားနေပါတယ်၊ အကယ်၍ ဗဟိုဘဏ်ကနေ ရန်ပုံငွေ
ကိစ္စကို ဖယ်ရှားခဲ့ရင်တောင် ဥရောပဗဟိုဘဏ်က
ဆက်ပြီးလုပ်ဆောင်လိမ့်မယ်"လို့ Moodyရဲ့ စစ်တမ်းမှာ
ဖော်ပြထားပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment