13.11.15

မော်တော်ယာဉ်ဥပဒေသစ် လိုအပ်ချက်များကို စီး/ကူးက ကညနသို့ အကြံပြုချက်ပို့မည်


 မော်တော်ယာဉ်ဥပဒေ သစ် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် မကြာမီထုတ်ပြန်မည့် နည်းဥပဒေတွင် တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချခြင်းအပိုင်းများ၌ လိုအပ်ချက်များရှိနေသေး၍ ဥပဒေရေးဆွဲသည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အကြံပြုချက်များပေးပို့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

တင်သွင်းခြင်းအပိုင်းတွင် တစ်ဖက်နိုင်ငံမှ ကားအများစုကို သင်္ဘောမတင်မီ ကြိုတင်စစ်ဆေး ရန် လိုအပ်ပြီး တစ်ဖက်နိုင်ငံ၌ အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီတစ်ခုခုခန့်ထားရန်နှင့် အ ရည်အသွေးအသိအမှတ်ပြုသက် သေခံလက်မှတ်ထုတ်ပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုထားရှိရန် လို အပ်မည်ဟု ဦးမင်းမင်းက ပြော သည်။
မော်တော်ယာဉ်ရောင်းချ ခြင်းအပိုင်းတွင်မူ လတ်တလော ၌ ဥပဒေတွင် ကညနက ကိုင်တွယ် မည်ဟု ဆိုထားသဖြင့် စီးပွားရေး နှင့် ဆက်စပ်နေသောကြောင့် အ ရောင်းပြခန်းလိုင်စင်ထုတ်ပေး ခြင်း၊ ရောင်းချခြင်းအပိုင်းများကို လက်ရှိအတိုင်း စီးပွားကူးသန်းက ကိုင်တွယ်မှသာ သင့်လျော်မည်ဟုဦးမင်းမင်းက ဆိုသည်။
ရောင်းချခြင်းအပိုင်းကို လုပ် ငန်းရှင်အား စတင်ခွင့်ပြုခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းကို စီးပွားကူးသန်းက ကိုင်တွယ်မည် ဖြစ်ကာ ကညနက နောက်ပိုင်းစစ် ဆေးခြင်းကိစ္စရပ်များကို ကိုင် တွယ်ခြင်းသည်သာ အကောင်း ဆုံးဖြစ်၍ အဆိုပါအချက်ကို နည်းဥပဒေ၌ ထည့်သွင်းနိုင်ရန် ညှိနှိုင်းမည်ဟု ဆိုသည်။
အဆိုပါနည်းဥပဒေ၌ ထုတ် လုပ်ခြင်းအပိုင်းတွင်မူ CKD, SKD စနစ်ထက်ပိုမိုကောင်းမွန်သည့် စနစ်တစ်ခုထည့်သွင်းရန် လိုအပ် ကြောင်း မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာကြီးကြပ်မှုကော်မ တီက  အကြံပြုမည်ဖြစ်ကြောင်း သိ ရသည်။
SKD, CKD ဆိုသည်မှာ ပြည် ပမှ ကိုယ်ထည်နှင့် ဖရိန်အသစ် မော်တော်ယာဉ်ကို တင်သွင်းလာ ခြင်းဖြစ်ပြီး ပြည်တွင်းသို့ ရောက်ရှိမှသာ အင်ဂျင်နှင့် အခြားလိုအပ် ချက်များကို တပ်ဆင်ရောင်းချ သည့်စနစ်ဖြစ်သည်။
‘‘အဲဒီစနစ်က ဒီနိုင်ငံမှာ မူလီ တပ်ရုံအဆင့်ပဲရှိတယ်။ ဒါ့ကြောင့်ကိုယ့်နိုင်ငံအတွက် ဘာပညာမှမရ ဘူး။ ဒီထက်ပိုကောင်းတဲ့စနစ်ဖြစ် တဲ့ ကားရှေ့ဘန်ဘာတွေ၊ ထိုင်ခုံ တွေ၊ တာယာတွေကို ကိုယ့်နိုင်ငံ မှာ ထုတ်လုပ်နိုင်လောက်တဲ့အထိ ကောင်းမွန်တဲ့ စနစ်တွေ ထည့် သွင်းဖို့လိုတယ်’’ဟု ဦးမင်းမင်းက ပြောသည်။
မော်တော်ယာဉ်ဥပဒေကို အဓိကရေးဆွဲခဲ့သည့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကမူ ယခုဥပဒေပြဋ္ဌာန်းရခြင်း သည် ကားအားလုံး၏ ဘေးအန္တ ရာယ်ကင်းရှင်းရေးကို ရှေးရှု၍ အဓိကရေးဆွဲထားခြင်း ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း နည်းဥပ ဒေထွက်ပေါ်လာပါက ပြဋ္ဌာန်း သည့် ဥပဒေများအားလုံးကို အ လောတကြီးအကောင်အထည် ဖော်မည်မဟုတ်ဘဲ စနစ်တကျ တစ်ခုချင်းစီ အကောင်အထည် ဖော်မည်ဟု ကညနမှ ပြန်ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြောသည်။
ဥပဒေပြဋ္ဌာန်းထားချက်များ အရ မော်တော်ယာဉ်များအား ပြည်ပမှတင်သွင်းခွင့်မော်ဒယ်၊ ခုနှစ်၊ အရေအတွက်သတ်မှတ် ချက်များကို ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနကသာ ကိုင်တွယ်မည်ဟု ဆိုသည်။
လက်ရှိတွင် ပြည်ပမှ မော် တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ၀န်ကြီးဌာန ငါးခု မှ အရာရှိများဖြင့် ပါဝင်ဖွဲ့စည်းထား သည့် မော်တော်ယာဉ်တင်သွင်းမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီက ကိုင်တွယ်နေပြီး ၂၀၁၆ တွင် ကညနက ကိုင်တွယ်မည့် ပုံစံများကို ဥပဒေတွင် ရေးဆွဲထားကြောင်း ဥပဒေကြမ်းအား လေ့လာဖတ်ရှု ထားသည့် မော်တော်ယာဉ်တင် သွင်းရောင်းချသူ လုပ်ငန်းရှင်များ က ဆိုသည်။
မော်တော်ယာဉ်တင်သွင်း ရောင်းချသူအများစုက ၂၀၁၆ တွင် မော်တော်ယာဉ်ဥပဒေသစ် ကြောင့် ပြောင်းလဲလာနိုင်သည် များကို လက်ရှိဈေးကွက်အတွင်း စောင့်ကြည့်သဘောဖြင့်သာ လုပ် ဆောင်နေကြပြီး မူဝါဒအပြောင်း အလဲကြား၌ ရောင်းမှား၊ ၀ယ် မှားဖြစ်မည်ကို စိုးရိမ်နေကြသည် ဟု မြမြင့်မိုရ်ကားအရောင်းပြခန်း ပိုင်ရှင် ဦးမြင့်မိုရ်က သုံးသပ်သည်။ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထုတ်ပြန်၍ အတည်ပြုနိုင် ရန် စက်တင်ဘာပထမပတ်က နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာပြဋ္ဌာန်းသည့် မော်တော်ယာဉ်ဥပဒေသည် ၂၀၁၆ ခုနှစ် တွင် စတင်အသက်ဝင်မည် ဖြစ်သည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment