2.4.13

မော်ရင်ဟိုအား ယုံကြည်မှု အပြည့်ရှိသည့် မာဆယ်လို

ရီးရဲလ် နောက်ခံလူ မာဆယ်လို က ရီးရဲလ် ကစားသမားများသည် နည်းပြ မော်ရင်ဟို ၏ ဆုံးဖြတ်ချက်များ အပေါ် ယုံကြည်မှု အပြည့်ရှိကြကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရီးရဲလ် အသင်းသည် ဇာရာဂိုဇာ အသင်းနှင့် ၁-၁ သရေ ကျပြီးနောက် မာဆယ်လို က အခုလို ပြောခဲ့ခြင်း ဖြစ်ပြီး အသင်း၏ ဂိုးသမား ဒီယေဂို လိုပက်ကို လည်း ချီးကျုးခဲ့သည်။ ဂိုးသမား ဒီယေဂိုသည် ကားဆီးလက် ဒဏ်ရာ ရချိန်မှ အသင်းအတွက် လက်စွမ်းပြနေသည့် ဂိုးသမား ဖြစ်ပြီး နည်းပြ မော်ရင်ဟို၏ ဦးစားပေးဂိုးသမား ဖြစ်လာသူ ဖြစ်သည်။ မာဆယ်လို က မိမိတို့ အသင်းမှာ ဂိုးသမား လေးဦး ရှိနေပြီး မည်သည့်ဂိုးသမားသည် ပိုကောင်းကြောင်း ငြင်းခုန် နေမည် မဟုတ်ကြောင်း ၊ သူတို့သည် အသင်းအတွက် ကြိုးစားပေးမည့် သူများဖြစ်ကြောင်း ၊ ထို့ကြောင့် နည်းပြ၏ ရွေးချယ်ခံရ သူသည် အသင်းအတွက် အကောင်းဆုံး ကစားရန်ပြင်းပြမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်နေပြီး တူရကီ ကလပ် ဂါတာတာစာရေးအသင်းနှင့် ဗုဒ္ဓဟူးနေ့ညမှာ ပထမအကျော့ အဖြစ် အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်ရမှာ ဖြစ်သည်။

0 comments:

Post a Comment