2.4.13

ဟံသာဝတီအသင်းထံမှ အမှတ်ခွဲယူနိုင်ခဲ့သည့် ရခိုင်ယူနိုက်တက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၃၁ ရက်(ယနေ့) ညနေ ၄း၀၀ က အောင်ဆန်း ကွင်းနှင့် သုဝဏ္ဏကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းသည် ဟံသာဝတီ အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး အမှတ်ခွဲယူနိုင်ခဲ့သည်။ အဆိုပါပွဲ ပထမပိုင်းတွင် ဟံသာဝတီအသင်းက ၂၈ မိနစ်၌ အောင်မင်းညွန့်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော် လည်း ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက် အသင်း အသစ်ခေါ်ယူထားသည့် နိုင်ငံခြားကစားသမားသစ် ပီနာ၏ ချေပဂိုး ကို ပြန်လည်ခွင့်ပြုခဲ့ရသည်။ ရာသီအစတွင် ရလဒ် များဆိုးရွားနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ဟံသာ ၀တီအသင်းနှင့်ပွဲတွင် အသစ်ခေါ်ယူထားသည့် ကစားသမားသုံးဦးစလုံး ထည့် သွင်းကစားသွား ခဲ့သည်။ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မနောမြေအသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ပွဲတွင် မနောမြေ အ သင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ မနောမြေအသင်း အတွက် အနိုင်ဂိုးများကို ၄၇ မိနစ်တွင် အဆာလေ၊ ၅၄ မိနစ်တွင် အီဗရာဟင်၊ ၇၃ မိနစ်တွင် အေးမင်းဝင်းတို့က သွင်းယူပေးခဲ့ကြသည်။ ဆောက်သမ်းအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲသည် မနောမြေအသင်းအ တွက် ယခုနှစ်ဘောလုံးရာသီ၏ ပထမဆုံး နိုင်ပွဲဖြစ်သည်။

ပွဲစဉ် ၇ ရလဒ်များ
ဧရာဝတီ ၂ - ၂ ရတနာပုံ
ရန်ကုန် ၂ - ၃ ကမ္ဘောဇ
ဇေယျာရွှေမြေ ၁ - ၃ မကွေး
ဇွဲကပင် ၀ - ၁ နေပြည်တော်
မနောမြေ ၃ - ၀ ဆောက်သမ်း
ရခိုင်ယူနိုက်တက် ၁ - ၁ ဟံသာဝတီ

0 comments:

Post a Comment