2.4.13

မန်စီးတီးသည် စုစည်းညီညွှတ်ရန် လိုအပ်သည်ဟု ဇာဘလက်တာသုံးသပ်

ပရီးမီးယားလိဂ် ချန်ပီယံဆုအား နောက်တစ်ကြိမ် ထပ်မံရရှိ လိုပါက မန်စီးတီး အသင်းသည် ယခုထက်ပို၍ စည်းလုံး ညီညွှတ်မှု ရှိရမည်ဟု ဇာဘလက် တာမှ သုံးသပ်ပြော ဆိုခဲ့သည်။ မန်စီးတီး အသင်းသည် လက်ရှိ အချိန်တွင် အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေသည့် မြို့ခံပြိုင်ဘက် မန်ယူအသင်းနှင့် (၁၅)မှတ် ကွာဟသည့် အနေအထားတွင် ရှိနေပြီး ၎င်းတို့နှစ်သင်း တွေ့ဆုံးသည့် ပွဲစဉ် အပါအ၀င် (၉)ပွဲ ကစားရန် ကျန်ရှိ နေသော်လည်း ယင်းတို့၏ ချန်ပီယံ မျှော်လင့်ချက်မှာ လွန်စွာမှ မှေးမှိန်နေသည်။ သို့သော်လည်း ယခုနှစ် ရာသီအတွက် အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိရန် ရေပန်းစားနေသည့် ဇာဘလက်တာမှ အသင်း၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တိုးတက်လာပါက ချန်ပီယံဆုကို ရရှိရန် မျှော်လင့်နိုင် သည်ဟု ယူဆနေကြောင်း သိရသည်။

0 comments:

Post a Comment