2.4.13

ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်း ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့မည်

ဆွဲဆောင်မှု အားကောင်းသော ကိုရီးယား သရုပ်ဆောင် လီဗျောင်ဟွန်းသည် အမေရိကန် ပြည်ထောင်စု ရှိ ဟောလီးဝုဒ် ရုပ်ရှင် လောကသို့ ဝင်ရောက် လာတော့ မည် ဖြစ်သည်။ လီသည် ၂ဝဝ၉ ခုနှစ်တွင် ထုတ်လွှင့် ပြသခဲ့သော ''G.I. Joe: The Rise of Cobra'' ရုပ်ရှင် ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်သော G.I.Joe: Retaliation'' ဇာတ်ကားတွင် ဟောလီးဝုဒ် ရုပ်ရှင် လောကမှ အကျော် အမော်များ ဖြစ်သည့် ဒွေးဂျွန်ဆင်၊ ဘရုစ်ဝီလီစ် တို့နှင့်အတူ ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။

ဂျွန်ဆင်နှင့် ဝီလီစ်တို့သည် လူကြိုက်များ ကျော်ကြားသော ဇာတ်လမ်း များကို ရွေးချယ် ရိုက်ကူးရန် မလိုအပ် သော်လည်း ဟောလီးဝုဒ် ရုပ်ရှင်လောက တွင် အောင်မြင် ကျော်ကြားသူ တစ်ဦး အဖြစ် ရပ်တည် နိုင်ရေးအတွက် ယင်း ဇာတ်ကားသည် လီအတွက် အလွန် အရေး ပါသည်။

G.I. Joe: The Rise of Cobra ပထမတွဲ ဇာတ်လမ်းမှ သရုပ်ဆောင် Channing Tatum သေဆုံး ခဲ့သဖြင့် လီသည် အဆိုပါ ဇာတ်ကား၏ နောက်ဆက် တွဲ ဖြစ်သော ''G.I.Joe: Retaliation'' ဇာတ်လမ်းတွင် သရုပ်ဆောင်ရန် အခွင့် အလမ်းကောင်း တစ်ရပ် ရရှိလာခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment