2.4.13

အမှားတစ်ချက် တစ်ဂိုးဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဦးဝင်းတင် ပြောကြား

ဟံသာဝတီ ယူနိုက်တက် အသင်းနည်းပြ ဦးဝင်းတင်က ရခိုင်ယူနိုက် တက်အသင်းနှင့် သရေကျခဲ့သည့်ပွဲ တွင်အမှား တစ်ချက်ကြောင့် တစ်ဂိုး ပေးလိုက်ရကြောင်း ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့ သည်။
နည်းပြ ဦးဝင်းတင်က “ရခိုင်နဲ့ပွဲမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့်ကစားသမားတွေက အပိုင်အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခါမှားတာနဲ့ တစ်ဂိုးပေးခဲ့ရပါတယ်။ သရေရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ်ပါဘူး”ဟု ပြောကြားခဲ့သည်။ ဟံသာဝတီ ယူနိုက်တက် အသင်းသည် ၇ ပွဲကစားပြီးချိန် တွင် နိုင်ပွဲတစ်သာ ရရှိထားပြီး နှစ်ပွဲသရေ၊ လေးပွဲ ရှုံးနိမ့် ထားသည်။ ဆက်လက်ပြီး နည်းပြဦးဝင်းတင်က အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး အဘိုလာဂျီသည် အသင်းနှင့် အနည်းငယ် အထိုင်မကျသေး သော် လည်း ကြိုးစားအားထုတ်မှုရှိသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း၊ နောက်လာ မည့် ပွဲများတွင် ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

0 comments:

Post a Comment