2.4.13

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်သည် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတ ရုံးဝန်ကြီး ဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။

0 comments:

Post a Comment