2.4.13

စက်၌ခေတ္တ သိမ်းစည်းထားသည့် အသည်းကို ကမ္ဘာ့ပထမဆုံး အစားထိုးကုသ

လူ့အသည်းကို ခန္ဓာကိုယ် အပြင်ဘက်မှာ ထားနိုင်တဲ့ လူ့ခန္ဓာကိုယ်ကို တုပထားတဲ့ စက်ပစ္စည်း အသစ်ကို ဗြိတိန်နိုင်ငံမှ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုယ်တွင်း အင်္ဂါကို အစားထိုး ကုသမယ်ဆိုရင် ကိုယ်တွင်း အင်္ဂါကို ခန္ဓာကိုယ်မှ ထုတ်ပြီး အေးတဲ့နေရာမှာ သိမ်းဆည်းကာ ၁၄ နာရီအတွင်းမှာ အသုံးပြုရ ပါတယ်။ အသည်းကို ခန္ဓာကိုယ် အပူချိန်ရောက်အောင် အပူချိန် မြှင့်ထားပြီး သွေးနီ ဥ၊ အောက်ဆီဂျင်နဲ့ အာဟာရတွေ ရရှိမယ်ဆိုရင် ၂၄ နာရီအထိခံ တယ်လို့ သိရပါတယ်။ ဒီလို လူ့ခန္ဓာကိုယ် ပြင်ပမှာ အသည်းကို ထားနိုင်တဲ့နည်းလမ်းကို ဗြိတိန်မှသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာ ကြောင့် အင်္ဂလန်မှ ကိုယ်တွင်း အင်္ဂါအစားထိုး လုပ်ငန်းကို နှစ်ဆခန့် ပိုမိုလုပ် ဆောင်နိုင်တော့ မယ်လို့ ဆိုပါတယ်။

အခု တီထွင်လိုက်တဲ့ စက်အသစ်ဟာ ၇၂ နာရီအထိ အသည်းကို လတ်လတ်ဆတ်ဆတ်ဖြစ်စေနိုင်တယ်လို့ သိရပါ တယ်။ အဲဒီစက်ဟာ စူပါမားကက်မှာ ထားတဲ့ တွန်းလှည်း အရွယ်အစားလောက် ရှိပြီး လူနာတင် ယာဉ်ပေါ်မှာ တင်ထားနိုင်တဲ့ အတွက် လူနာ လိုအပ်တဲ့ နေရာ မရွေးမှာ အဆင်သင့် ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် Iain Christie ဆိုသူဟာ အဲဒီစက်ကို အသုံးပြုပြီး အသည်း အစားထိုး ကုသမှု ခံယူရတဲ့ ကမ္ဘာ့ ပထမဆုံး လူသားအဖြစ် စာရင်းဝင် သွားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment