2.4.13

နေပြည်တော်အသင်းနှင့် မကွေးအသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိ

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၃၀ ရက်(ယနေ့) ညနေ၄း၀၀ နာရီက အောင် ဆန်းနှင့် မုံရွာအားကစားကွင်းတို့၌ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်အသင်းနှင့် မကွေးအသင်း တို့နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။ အောင်ဆန်းကွင်း၌ ကစားခဲ့သည့် နေပြည်တော် အသင်းနှင့်ဇွဲကပင် အသင်း တို့ပွဲစဉ်တွင် နေပြည်တော်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နေပြည်တော် အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကိုပွဲချိန် ၁၄ မိနစ်တွင် တင်ဇော်မိုးက သွင်းယူပေးခဲ့သည်။ မုံရွာကွင်း၌ ကစားခဲ့ သည့် ဇေယျာရွှေမြေအသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်တွင် မကွေးအသင်းက အိမ်ရှင်အသင်းအား ၃-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မကွေး အသင်းအတွက်အနိုင်ဂိုး သုံးဂိုးကို မောင်မောင်စိုး တစ်ဦးတည်းမှ ဟက်ထရစ်သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် အသင်း အတွက် ချေပဂိုး တစ်ဂိုးကို ၃၈ မိနစ်တွင် ချူကွာဇူက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဇေယျာရွှေမြေ အသင်း သည် မကွေး အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း ရမှတ် ၁၅မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေပြီး ဒုတိယ နေရာတွင် ကမ္ဘောဇ အသင်းက ၁၄ မှတ်ဖြင့် ရပ်တည်နေသည်။ မကွေးအသင်းက ရမှတ် ၁၃ မှတ်ဖြင့်တတိယနေရာတွင် ရပ်တည်နေပြီး ရန်ကုန်အသင်းက ရမှတ် ၁၂ မှတ်ဖြင့် စတုထ္ထနေရာတွင် အသီးသီး ရပ်တည်နေသည်။ လာမည့် မတ် ၃၁ ရက် သုဝဏ္ဏကွင်း၌မနောမြေ အသင်းနှင့် ဆောက်သမ်း အသင်းတို့လည်းကောင်း၊ အောင်ဆန်းကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ အသင်းတို့ လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

0 comments:

Post a Comment