13.1.17

မလေးရှားတွင် အချမ်းသာဆုံးစာရင်းဝင် Samling Strategic အုပ်စုပိုင်ကုမ္ပဏီသည် မြိတ်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြ

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ဖြင့် တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီအုန်းစိုက်ပျိုးလုပ်ကိုင် နေသော မလေးရှားသန်းကြွယ် သူဌေးများပိုင်ဆိုင်သည့် Samling Strategic အုပ်စုပိုင် ကုမ္ပဏီခွဲတစ် ခုသည် မြိတ်ဒေသတွင် လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ဥပဒေမလိုက်နာမှုများ ပြုလုပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းရှစ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီအုပ်စုတွင် Glenealy Plantation Sdn Bhd ကုမ္ပဏီပါဝင်ပြီး ယင်းကုမ္ပဏီ၏ လုပ်ငန်းခွဲ Prestige Platform ကုမ္ပဏီသည် မြန်မာလုပ်ငန်းရှင် တစ်ဦးနှင့်ဖက်စပ်ပြီး Myanmar Stark Prestige Plantation MSPP ကုမ္ပဏီအမည်ဖြင့် လုပ် ကိုင်လျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းရှစ် ခုက ၁၈ လကြာ ကောက်ယူထား သော အစိမ်းရောင်ကန္တာရသုတေ သနအစီရင်ခံစာအရ ဌာနေတိုင်း ရင်းသားပိုင်မြေယာများကို လျော်ကြေးမပေးဘဲ အဓမ္မသိမ်းယူမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက် စီးမှုများပါဝင်သော လူ့အခွင့်အ ရေးချိုးဖောက်မှုများကို ယနေ့ တိုင် လုပ်ဆောင်ဆဲဖြစ်သည်ဟု ဖော်ပြထားသည်။


‘‘သူတို့တွေ စ ဝင်ဝင်ချင်း တုန်းက လျော်ကြေးတစ်ပြားမှ မပေးပါဘူး။ ဒေသခံတွေက အ တင်းကန့်ကွက်ပြောဆိုတဲ့အခါ ကျမှ ဧကသုံးသောင်းကျော်ကို ကျပ်ငွေသိန်းသုံးရာနဲ့ ယူချင်ယူ မယူချင်နေ သဘောနဲ့ ပေးပါ တယ်။ မြေလာဝယ်တဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ နောက် တိုးပြီး တစ်ဧက သုံးသောင်းနဲ့ သူတို့ဘာသာ သူတို့ဈေးဖြတ်တယ်’’ ဟု အစီရင်ခံစာပြုစုရာတွင် အဖွဲ့အစည်းရှစ်ဖွဲ့၏ ညှိနှိုင်းရေးမှူး အဖြစ် တာဝန်ယူလုပ်ဆောင်နေ သူ မတာရာက ပြောသည်။

ကုလသမဂ္ဂဌာနေတိုင်းရင်း သားများအခွင့်အရေးကြေညာစာ တမ်း UNDRIP ၁၄ ကိုလည်း လိုက်နာခဲ့ခြင်း မရှိသကဲ့သို့ ကြိုတင်သတိပေးရမည့် အချက်ကို လည်း ချိုးဖောက်ခဲ့သည်ဟု အစီ ရင်ခံစာက ဖော်ပြထားသည်။

ကုမ္ပဏီစိုက်ပျိုးလုပ်ကိုင်ခွင့် ရမြေယာသည် ဧကငါးသောင်းခန့်ရှိပြီး ဧကလေးသောင်းခန့်မှာ ရွှေ့ ပြောင်းဒုက္ခသည်များအခြေချနေ ထိုင်သည့် ကျေးရွာလေးရွာပိုင်မြေ များဖြစ်သည်။ ယင်းမြေများသည် ကျေးရွာသား ၄,၄၈၀ ဦးပိုင်ဆိုင် သော မြေယာများဖြစ်သည်။

ကျန်မြေဧကများမှာ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လုပ် ကိုင်ခွင့်ရသည့် တနင်္သာရီအမျိုး သားဥယျာဉ်ပိုင်မြေများလည်းဖြစ် သည်ဟု သုတေသနအစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဆီအုန်းစိုက်ပျိုးလုပ်ကိုင်နေ သော မြေယာများသည် တပ်မ တော်နှင့် KNU အကြား နှစ်ပေါင်း ခြောက်ဆယ်ကျော်အကြာ ဖြစ် ပွားခဲ့သော ပြည်တွင်းစစ်ဘေး သင့်ရာ ဒေသဖြစ်သောကြောင့် မြေယာမှတ်ပုံတင်ခြင်း မရှိသော် လည်း ဌာနေတိုင်းရင်းသားများ ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့ သည့် မြေယာများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လုပ်ကိုင်ခွင့်မြေဧကသည် ကွဲပြားနေသောကြောင့် အမှန်တ ကယ်လုပ်ကိုင်ခွင့် ရှိ၊ မရှိ စိစစ် ပေးရန် အရပ်ဘက်အဖွဲ့အစည်း ရှစ်ဖွဲ့က တောင်းဆိုထားသည်။ ဆီအုန်းစိုက်ပျိုးမြေမှာ တဖြည်း ဖြည်းနှင့် ကျယ်ပြန့်လာသော် လည်း မစိုက်ပျိုးရသည့် မြေများ ကျန်ရှိနေ၍ စိစစ်ပြီး ဒေသခံများထံ ပြန်လည်ပေးအပ်ရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် ဒေသခံများ၏သ ဘောတူညီချက်ရယူခြင်းမရှိဘဲ သိမ်းဆည်းထားသော မြေယာများနှင့် ပတ်သက်၍ လျော်ကြေးပေး ရန် တောင်းဆိုထားသည်။

ဒေသခံများနှင့် ကုမ္ပဏီအ ကြား တင်းမာမှုဖြစ်ပွားနေသော မြေနေရာသည် မြိတ်-ထားဝယ် ခရိုင်လာမူလဲမြို့နယ်တွင် တည်ရှိ ပြီး KNU လက်နက်ကိုင်တိုင်းရင်း သားနယ်မြေများ ပါဝင်သည်။ အဆိုပါနေရာကို မြေလွတ်မြေရိုင်း အဖြစ် သတ်မှတ်၍ အစိုးရက ကုမ္ပဏီအား ၂၀၁၁ တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment