13.1.17

ထိုင်းနိုင်ငံရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ မြန်မာသို့ ၀င်ရောက်လာရန် ဆွဲဆောင်မှုပြုလုပ်နေဟုဆို

ထိုင်းနိုင်ငံတွင် ပြောင်း လဲလာသော ရာသီဥတုနှင့် လုပ်ခ လစာမြင့်တက်လာခြင်းကြောင့် ယင်းနိုင်ငံ၌ လုပ်ကိုင်နေသော ဂျပန်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ နိုင်ငံအတွင်းသို့ ၀င်ရောက်လာ စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအစီအစဉ်ဖြင့် ဆွဲဆောင် နေကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်အတွင်းရေးမှူးဦးအောင်နိုင်ဦး ကပြောသည်။

အထက်ပါအစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရေး ဆွဲထားသည့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအနှစ် ၂၀ စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည် ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် ပြောင်းလဲ လာသော သဘာဝဘေးအန္တရာယ် ရာသီဥတုအခြေအနေနှင့်လုပ်ခ လစာမြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များက တတိယနိုင်ငံ တစ်ခုကိုပြောင်းရွှေ့ရန်စီစဉ်နေ ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုများမြန်မာနိုင်ငံသို့ ၀င်ရောက်လာရန်မူဝါဒ ချမှတ်စီစဉ်နေသည်ဟု ဦး အောင်နိုင်ဦးကဆိုသည်။

‘‘ထိုင်းနိုင်ငံမှာ ဂျပန်ထိပ် တန်းရင်းနှီးမြှုပ်နှံဖြစ်တော့ အဓိက သူတို့ဝင်လာဖို့မျှော်လင့်ပါတယ်။ တချို့လုပ်ငန်းရှင်တွေက ထိုင်းနိုင် ငံမှာ တွက်ခြေမကိုက်တော့တဲ့ ရာသီဥတုအခြေအနေကြောင့် ရွှေ့ပြောင်းသင့်တယ်လို့သုံးသပ် ကြတာတွေရှိတယ်။ အဓိကထိုင်း နဲ့ ပထ၀ီအနေအထားတူတဲ့ မြန် မာနိုင်ငံကိုရွှေ့ချင်တယ်’’ဟု ၎င်း ကဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၆ အတွင်း ရေနစ်မြုပ်မှုများကြောင့် ဘတ်ငွေ ၁၀ သန်း(ကျပ်သန်း ၃၈၀)မှ ဘတ်ငွေ ၁၅ သန်း(ကျပ်သန်း ၅၇၀ခန့်)ကြားဆုံးရှုံးနစ်နာခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့သည်။ အဆိုပါရေနစ်မြုပ်မှုများကြောင့် စက်မှုထုတ် ကုန်များအပေါ် သက်ရောက်မှုများရှိခဲ့သည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌက ဆိုထားသည်။

လက်ရှိပြောင်းလဲလာသော မြန်မာနိုင်ငံရေးအခြေအနေများ အရ ဂျပန်အစိုးရနှင့် ဂျပန်လုပ် ငန်းရှင်များသည် မြန်မာနိုင်ငံကို စိတ်ဝင်စားမှုမြင့်တက်နေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ ဂျပန်လုပ် ငန်းရှင်များသည် လုပ်ငန်းအသစ် အနေဖြင့်လည်းကောင်း၊ ထိုင်း နိုင်ငံ၌ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများကို မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန်လည်းကောင်း အစီအစဉ်ရှိနေသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအနှစ်၂၀စီမံကိန်း၏ အ ခြား အစိတ်အပိုင်းတစ်ခု အနေဖြင့် တရုတ်နိုင်ငံတွင် လုပ်ကိုင်နေ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာရန်လည်းမူဝါဒချမှတ်ထားသည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေများကြောင့် တတိယနိုင်ငံတစ်ခု သို့ ပြောင်းရွှေ့လိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရှိနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာရန် ဆွဲဆောင်နေခြင်းဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆တွင် မြန် မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်သည့်နိုင်ငံ သည် စင်ကာပူဖြစ်ပြီးဒုတိယအ များဆုံးသည် တရုတ်နိုင်ငံ ဖြစ်သည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့သည် တတိယနှင့်စတုတ္ထအများဆုံးဝင်ရောက်ထားသည့်နိုင်ငံများဖြစ်သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment