16.1.17

အာရှ-ပစိဖိတ်ဒေသမှာ ခရီးသွားလုပ်ငန်းတိုးတက်မှု အမြင့်ဆုံးနိုင်ငံ မြန်မာဖြစ်လာဖို့ရှိနေ

Image may contain: 1 person, standing, tree and outdoor
၂၀၁၆-၂၀၂၁ ငါးနှစ်ကာလအတွင်း အာရှ-ပစိဖိတ်ဒေသ စီးပွားရေးထွန်းသစ်စနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ outbound ခရီးသွားပိုင်းမှာ တစ်နှစ်ထက်တစ်နှစ်တိုးတက်မှုနှုန်း ၁၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ တိုးတက်မှုအရှိဆုံးနိုင်ငံဖြစ်ဖို့များနေတယ်လို့ MasterCard ကုလုပ်ဆောင်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း MasterCard ရဲ့ " Future of Outbound Travel in Asia Pacific 2016 to 2021” မှာတော့ မြန်မာရဲ့ outbound travel တစ်နှစ်တာတိုးတက်မှုနှုန်းက ဒေသတွင်းမှာ အများဆုံး ရှိမယ်လို့ ခန့်မှန်းသွားတာ ဖြစ်ပါတယ်။

အလားတူ ယင်းခန့်မှန်းချက်အရ အခြားသော နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကလည်း ယင်းငါးနှစ်တာကာလအကြား တစ်နှစ်ကို တိုးတက်မှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒေသတွင်း ဒုတိယမြောက် တိုးတက်မှုအရှိဆုံး နိုင်ငံအဖြစ် ခန့်မှန်းခံရတာဖြစ်ပါတယ်။၂၀၂၁ အရောက်မှာတော့ ဗီယက်နမ်က ခရီးသွား ၇ ဒသမ ၅ သန်းလောက် ပြည်ပနိုင်ငံတွေဆီ ခရီးထက်ခွာကြဖို့ရှိနေပြီး ယင်းနှုန်းထားဟာ ၂၀၁၆ က ၄ ဒသမ ၈ သန်းထက် များပြားနေခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဒေသတွင်း တိုးတက်မှုနှုန်းအကောင်းဆုံးအခြားနိုင်ငံတွေအဖြစ် အင်ဒိုနီးရှားက ၈ ဒသမ ၆ ရာခိုင်နှုန်း၊ တရုတ်က ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အိန္ဒိယက ၈ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ယင်း MasterCard ရဲ့ အစီရင်ခံစာထဲမှာတော့ ဒေသတွင်းoutbound travel ပိုင်းမှာ ထိုင်းရဲ့ တစ်နှစ်တာ တိုးတက်မှုနှုန်း ၄ ဒသမ ၈ ရာခိုင်နှုန်း၊ သီရိလင်္ကာကို ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ကို ၄ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ခန့်မှန်းပေးသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment