16.1.17

အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ အမျိုးသမီးသီးသန့် ထိုင်ခုံတန်း ဖန်တီးသတ်မှတ်

Image may contain: airplane, sky, cloud, outdoor and nature
အိန္ဒိယလေကြောင်းလိုင်းတစ်လိုင်းဖြစ်တဲ့ Air India က ယင်းရဲ့ ပြည်တွင်းခရီးစဉ်ပျံသန်းမှုတွေမှာ ခြောက်ယောက်ထိုင်ခုံတစ်တန်းကို အမျိုးသမီးတွေအတွက် သီးသန့်ထားကာ ရောင်းချဝန်ဆောင်မှုပေးသွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ကြေညာသွားပါတယ်။

တစ်ဦးတည်း အဖော်မပါ ခရီးသွားနေကြရတဲ့ အားနွဲ့တဲ့အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးတော့ ယခုအစီအစဉ်ကို ဖော်ဆောင်ရတာဖြစ်တယ်လို့လည်း လေကြောင်းလိုင်းက ကြေညာသွားပါတယ်။

ဇန်န၀ါရီ ၁၁ ရက်က ထုတ်ပြန်တဲ့ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာတော့ " ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ခြောက်ယောက်ထိုင်ခုံပါ တတိယတန်းတစ်တန်းကို အမျိုးသမီးတွေချည်းပဲပေးထိုင်ဖို့ သီးသန့်ရောင်းချပေးသွားတော့မှာပါ၊

အဖော်မပါ တစ်ယောက်တည်းခရီးသွားရတဲ့ အမျိုးသမီးတွေအတွက် စီစဉ်ပေးတာဖြစ်ပါတယ်" လို့ လေကြောင်းလိုင်းအထွေထွေမန်နေဂျာMeenakshi Malik က ကြေညာပါတယ်။

အဆိုပါ အမျိုးသမီးသီးသန့် ထိုင်ခုံတွေကိုတော့ လာမယ့် ဇန်န၀ါရီ ၁၈ ရက်ကစပြီး ထပ်ဆောင်းကြေးပေးစရာမလိုဘဲ လေကြောင်းလိုင်းက စီစဉ်ရောင်းချပေးတော့မှာလည်း ဖြစ်ပါတယ်။

ယင်းနိုင်ငံရဲ့ လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်ပေါ်အဖော်မပါ အမျိုးသမီးတွေ မဖွယ်မရာ ပြုမှုခံရမှုဖြစ်စဉ်တွေ ရှိခဲ့တဲ့အတွက် ယခုလို Air India လေကြောင်းလိုင်းက ရည်ရွယ်ကာ တုန့်ပြန်စီစဉ်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment