16.1.17

ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးသန်းအောက် လျော့နည်းခြင်းနှင့် မြေငှားရမ်း လုပ်ကိုင်မှု ငါးနှစ်အောက် လျော့နည်းသည့် မြှုပ်နှံမှုများကို ခွင့်ပြုမိန့်ရယူရန် မလိုအပ်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပထမမူကြမ်းတွင် ထည့်သွင်းရေးဆွဲ

ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးသန်းအောက် လျော့နည်းခြင်းနှင့် မြေငှားရမ်းလုပ်ကိုင်မှု ငါးနှစ်အောက် လျော့နည်းသည့် မြှုပ်နှံမှုများကို ခွင့်ပြုမိန့်ရယူရန် မလိုအပ်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပထမမူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန Website တွင် အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်ပေးထားမှုအရ သိရသည်။

ရင်းနှီးမြှုပ်နှံသူသည် ဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ (ဃ) အရ ခွင့်ပြုမိန့်လျှောက်ထား ရယူရန် မလိုအပ်ဟု သတ်မှတ်ထားသော မြှုပ်နှံမှုများတွင် မြေအသုံးပြုခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်းအတွက် ရင်းနှီးမြှုပ်နှံသူမှ ပေးချေရသည့် အဖိုးစားနား သို့မဟုတ် ပေးချေမှုသည် စုစုပေါင်း ဒေါ်လာငါးသန်းအောက် လျော့နည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူသည် (မြေအသုံးပြုခွင့်အား သက်တမ်းတိုးမြှင့်နိုင်သည့် အခွင့်အရေးအပါအ၀င်) မြေ သို့မဟုတ် အဆောက်အအုံအား သက်တမ်းငါးနှစ် သို့မဟုတ် ငါးနှစ်အာက် လျော့နည်း၍ ငှားယူနိုင်ခြင်း သို့မဟုတ် လိုင်စင်ရယူနိုင်ခြင်းများကို သတ်မှတ်ထားသည်။


ထို့ပြင် ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအပါအ၀င် ပြည်ထောင်စု၏ ဥပဒေနှင့်အညီ အာဏာပိုင် အဖွဲ့အစည်းထံမှ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်အား ယခင်ကပင် ရရှိထားသော ပုဂ္ဂိုလ်နှင့် အာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက်နှင့်အညီ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံအား တစ်ဆင့်ငှားယူရန် သို့မဟုတ် တစ်ဆင့်လိုင်စင်ရယူရန် အခွင့်ရှိသည့် ပုဂ္ဂိုလ်များထံမှ တစ်ဆင့်ငှားယူခြင်း သို့မဟုတ် လိုင်စင်ရယူခြင်းများအတွက် ခွင့်ပြုမိန့်ရယူရန် မလိုအပ်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပထမမူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံသူသည် မြေ သို့မဟုတ် အဆောက်အအုံများအား အသုံးပြုရာတွင် အထက်ဖော်ပြပါ ပုဂ္ဂိုလ်တစ်ဦးဦးအား အာဏာပိုင်အဖွဲ့အစည်းမှ မြေအသုံးပြု ခွင့်ပေးအပ်ရာတွင် ချုပ်ဆိုသည့် ငှားရမ်းခြင်း ကတိစာချုပ်၊ သဘောတူစာချုပ် သို့မဟုတ် အခြားစာချုပ်အရ ခွင့်ပြုထားသည့် နည်းလမ်းဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း ခွင့်ပြုမိန့်ရယူရန် မလိုအပ်ဟု သတ်မှတ်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပထမမူကြမ်း၏ ပုဒ်မ ၁၅ တွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment