17.1.17

လေယာဉ်ခနှုန်းထားများနှင့် ဟိုတယ်ငှားရမ်းခကြီးမြင့်မှုများက နိုင်ငံတကာဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေနိုင်

Image may contain: 1 person, bicycle and outdoor
ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်များက စိတ်ဝင်တစားလာရောက်လည်ပတ်မှုများ တိုးတက်လာသော်လည်း လေယာဉ်ခဈေးနှုန်းနှင့် ဟိုတယ်ငှားရမ်းခကြီးမြင့်နေမှုများက နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေကြောင်း မန္တလေးအခြေစိုက် Tour Mandalay ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်က ပြောကြားသည်။
''တခြားနိုင်ငံတွေမှာ Tour Flight ဈေးနှုန်းက ၁ဝ ရက်ခရီးစဉ်ကို ဒေါ်လာ ၂ဝဝဝ ပဲ ကုန်တယ်။ ကျွန်တော်တို့နိုင်ငံမှာက ၃ဝဝဝ ကျော်နေတယ်။ နောက်ပြီး တချို့ဟိုတယ်တွေကလည်း ဝန်ဆောင်မှုပိုင်းက အားနည်းနေပေမယ့် ငှားရမ်းခတွေက မြင့်နေတယ်။ အိမ်နီးချင်းနိုင်ငံ တွေမှာ ဒေါ်လာ ၄ဝ လောက်ပေးရတဲ့အခန်းခကို ဒီနိုင်ငံမှာ ၆ဝ လောက်ဖြစ်နေတယ်။ ဒါတွေက ဧည်သည်ဝင်ရောက်မှုကို အဟန့်အတားဖြစ်နေတယ်''ဟု ၄င်းကပြောသည်။
၂ဝ၁၅ ခုနှစ်က မန္တလေးဒေသသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် သုံးသိန်းဝင်ရောက်မည် ဟုခန့်မှန်းခဲ့ရာ ၃ဝ၆၄၃၂ ဦးဝင်ရောက်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် လေးသိန်းခန့်မှန်းခဲ့ရာ ၃၈၅ဝ၃၁ ဦး ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြား မှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယု၏ပြောပြချက်အရ သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment