17.1.17

ယာဉ်လိုင်းစနစ်သစ်စတင်သည့်နေ့တွင် ရထားစီးသူ ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်

ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်လိုင်းသစ်များ စတင်ပြောင်းလဲပြေးဆွဲသည့် ပထမဆုံးနေ့၌ ရထားစီးခရီးသည် များ ၂၅ ရာခိုင်နှုန်းခန့်မြင့်တက် ခဲ့ကြောင်း မြန်မာ့မီးရထားမှ သ တင်းရရှိသည်။

စနစ်သစ် စတင်သည့် ဇန်န၀ါရီ ၁၆ ရက်၌ ရထားစီးခရီး သည် ၉၆,၀၀၀ ကျော် အထိရှိခဲ့ ပြီး ပုံမှန်ထက် ခရီးသည်ဦးရေ ၂၀,၀၀၀ ခန့် မြင့်တက်ခဲ့ခြင်းဖြစ် သည်။

ရန်ကုန် ဘူတာကြီးတွင် ယခင်က ရထားစီးခရီးသည် တစ် ရက်လျှင် ၈,၀၀၀ ခန့်ရှိသော် လည်း ယင်းနေ့တွင် ၁၃,၀၀၀ ခန့် ရှိလာကြောင်း ရန်ကုန်ဘူတာကြီး မှ သိရသည်။

‘‘ဒီနေ့ကတော့ ရထားစီးခရီး သည်တွေ ပုံမှန်ထက်များလာတာ တွေ့ရတယ်။ အထူးရထားတွဲကို ပုံမှန်ထက်အခေါက်ရေ ပိုပြေးဆွဲ ပေးထားတယ်’’ဟု မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ကပြော သည်။

ခရီးသည်များ ရုံးတက်ရုံး ဆင်း၊ ကျောင်းတက်ကျောင်းဆင်း ရာ၌ အဆင်ပြေစေရန် မြန်မာ့ မီး ရထားက ဇန်န၀ါရီ ၁၆ ရက်ကစ ၍ အင်းစိန်မှ ရန်ကုန်နှင့် မင်္ဂလာ ဒုံမှ ရန်ကုန်ပြေးဆွဲသော အထူး ရထားကို ပုံမှန်ထက် နံနက်ပိုင်း နှစ်ခေါက်နှင့် ညနေပိုင်း တစ် ခေါက် ပိုမိုပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကိုယ်သွားမယ့်နေရာကို ရောက်မယ့် ဘတ်စ်ကားက လူ တွေအရမ်းများပြီး တက်စီးလို့မရ ခဲ့တဲ့အတွက် အနီးစပ်ဆုံးဖြစ်တဲ့ ပုဇွန်တောင်ဘူတာကိုသွားပြီး ရထားပြောင်းစီးဖြစ်ခဲ့တာပါ။ ရထားရောက်တဲ့အချိန်မှာလည်း ခရီးသည်တွေ ပုံမှန်ထက် ပိုများ နေတာတွေ့ရတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ်နေ ဒေါ်ခင်မာ ဆွေက ပြောသည်။

မြန်မာ့မီးရထားက ရန်ကုန် မြို့ပတ်ရထားလမ်းခရီးစဉ်ကို နေ့ စဉ် နံနက် ၄ နာရီခွဲကစ၍ ည ၉ နာရီအထိ ရထားစီးရေ ၂၃ စီးဖြင့် ၂၁၅ ခေါက် ပုံမှန်ပြေးဆွဲပေးလေ့ ရှိရာ ဇန်န၀ါရီ ၁၆ ရက်တွင် ငါး ကြိမ်တိုးပေး၍ အခေါက်ရေ ၂၂၀ အထိရှိခဲ့သည်။

‘‘ဒီနေ့ကတော့ ခရီးသည်တွေ အရင်နေ့တွေထက် သိသိသာသာ လေး များနေတာတွေ့ရတယ်။ အဓိကကတော့ ဘတ်စ်ကားယာဉ် လိုင်းတွေ အဆင်မပြေတာ ကြောင့် မီးရထားပြောင်းစီးလာ ကြတာလို့ ထင်တယ်။ ဒါကြောင့် နောက်ပိုင်းကိုလည်း ဘတ်စ်ကား စီးဖြစ်မှာမဟုတ်ဘဲ မီးရထားပဲ အ သုံးပြုဖြစ်တော့မှာပါ’’ဟု တာမွေ မြို့နယ်နေ ဦးမျိုးမြင့်က ပြော သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment