27.11.13

ဖွဲ့ စည်းပုံအခြေခံဥပဒေအရေး ရန်ကုန်တွင်စစ်တမ်းကောက်ရာ တွင် ၂၆ရာခိုင်နူန်းကမသိဟု ငြင်းဆို

၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့ မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးနှင့် ပတ်သတ်၍ ရန်ကုန်မြိုရှိ မြိုနယ်၁၂ခုတွင် စစ်တမ်းကောက်ယူရာတွင် ၂၆ရာခိုင်နူန်းက မသိရှိဟု ပြန်လည်ငြင်းဆိုလိုက်ကြောင်း Myanmar Affairs
ကစစ်တမ်းကောက်ယူသူများက နိုဝင်ဘာ၂၆ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။

ဖွဲ့ စည်းပုံအခြေခံဥပဒေအရေးနှင့် ပတ်သတ်၍ နိုင်ငံရေးနှင့်ကင်းကွာသည့် လူထုအမြင်သဘောထားများ သိရှိစေရန်
ပညာရေးအခြေခံနှင့် သတင်းအချက်လက်ရရှိမူ မြင့်မားသည့် ရန်ကုန်မြိုတွင်းရှိ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊
ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့် ၊ တာမွေ၊ ရန်ကင်း၊ စသည့်မြိုနယ်များရှိ
လူထု၁၁၁၀

အားစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  ပတ်သတ်ပြီး စစ်တမ်းကောက်ယူတဲ့နေရာမှာ ၂၆ရာခိုင်နူန်း ကလုံးဝမသိဘူးလို့ ငြင်းတယ်။
၄၈ရာခိုင်နူန်းကပြင်ဆင်ဖို့ ပြောပြီး ၁၄ရာခိုင်နူန်းကတော့ အသစ်ပြန်ရေးဆွဲဖို့ ထောက်ပြကြတယ်။ ကျန် ၉ရာခိုင်နူန်းကမဖြေလိုဘူးလို့ ငြင်းတာတွေ ရတယ် " ဟု စစ်တမ်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် Myanmar Affairs
မှ မဆုန်ချင်းပါရ်ကပြောသည်။

ထိုသို့ စစ်တမ်းကောက်ယူရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ထုတ် အသက်၁၈ နစ်ပြည့်ပြီးမဲ့ပေးခွင့်ရှိသူ လူဦးရေစာရင်းကို
အခြေခံ၍ ယုံကြည်စိတ်ချနိုင်မူ ၉၅% နှင့် မှားယွင်းနိုင်ခြေ ၅ ရာခိုင်နူန်းထိထားရှီကာ လူဦးရေ ၁၁၁၀ အားမေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Myanmar Affairs သည် လူထုအခြေပြုစစ်တမ်းကောက်ယူမူများအား ၂၀၁၀ ခုနစ်မှစတင်၍ ပြုလုပ်ခဲ့ပြီး ယခုကောက်ယူရရှိသည့်
စစ်တမ်းများအား ဖွဲ့ စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီ နှင့် အခြားနိုင်ငံရေးပါတီများသို့ တင်ပြသွားမည်ဖြစ်ပြီး
ထပ်မံ၍ စစ်တမ်းကောက်ယူမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပန်မိုးဝါ (ရိုးရာလေး)

0 comments:

Post a Comment