17.8.13

ရသစာပေပြန်လည်ထွန်းကားလာရေးအလုပ်ရုံဆွေးနွေး ပွဲ ကျင်းပမည်

Saturday, August 17, 2013


လူတို့ ၏ စိတ်ကို သိမ်မွေ့စေသည့် အပြင် ဆင်ခြင်တုံတရားနှင့် ကိုယ်ချင်း စာစိတ်များကို စိမ့်ဝင်ပေး စွမ်းနိုင်သော ရသစာပေများ ပြန်လည် ထွန်းကားလာ ရေး အတွက် မြန်မာနိုင်ငံ စာပေထုတ်ဝေ သူနှင့်   ဖြန့်ချိသူများ အသင်းမှ ဦးဆောင် ၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွား မည်ဖြစ်သည်။ မြန်မာစာပေ ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ အက်ဆေးနှင့် စာအုပ်ထုတ်ဝေ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ   ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ် ပြီး ၎င်းဆွေးနွေးပွဲ၌ ရသစာပေများ ပြန်လည်ထွန်းကား လာစေရေးအတွက် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းပွဲ စီစဉ်ရေး အတွင်းရေးမှူး ဦးမြင့်ထွန်းက ပြောသည်။
၁၉၆၅ -၇ဝ ခုနှစ်လွန်ကာလများ တွင် မြန်မာဝတ္ထုရှည်(လုံးချင်း) ဝတ္ထုများ အလွန်ထွန်းကားခဲ့ပြီး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ ဆရာမကြီး ဒေါ်ခင်နှင်း ယုကဲ့သို့သော စာရေးဆရာများ၏ စာ အုပ်များမှာ အုပ်ရေ ၆ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်အထိ ရိုက်နှိပ်ခဲ့ကြရပြီး ဝတ္ထု ရှည် ရွှေခေတ်တစ်ခေတ် ဖြစ်ခဲ့သည်။ ၎င်းအပြင် ၁၉၈ဝ ပြည့်နှစ်ဝန်းကျင် ကာလများတွင် ရသမြောက်သော ဝတ္ထုတိုများ အမြောက်အမြားပေါ် ထွက်လာပြီး ဝတ္ထုတိုရွှေခေတ် ကာလဖြစ်ခဲ့သည်။

ယနေ့အချိန်တွင် ရေးသူဖတ်သူ များ ပိုမိုစိတ်ဝင်စားလာသောကြောင့် အက်ဆေး(ရသစာတမ်း)များ   ရေးသား လာကြသော်လည်း ခေတ်စနစ်နှင့်စီး ပွားရေးအခြေအနေ အထွေထွေအ ကြောင်းများကြောင့် ရသစာပေဖန်တီး မှုအား လျော့နည်းလာကာ စာပေဖွံ့ဖြိုးမှု ကျဆင်းလာခဲ့ သည်ဟု   မြန်မာနိုင်ငံ စာ ပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ကဆိုသည်။ ယခုအခါ မဂ္ဂဇင်းအများစုသည် ကြော်ငြာရငွေဖြင့် ရပ်တည်နေရသော ကြောင့် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာများကို ယခင်ကကဲ့သို့ ခမ်းနားစွာထည့်သွင်းခြင်း မပြုနိုင်တော့ခြင်း၊ စာပေစိစစ်ရေး၊ အခြားသော ရုပ်သံမီဒီယာများနှင့် အခြေအနေ အကြောင်းကြောင်းကြောင့် ရသစာပေ ဖန်တီးသူများ နည်းပါးလာ ကာ အားနည်းလာခဲ့သောကြောင့် ယင်း ကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆွေး နွေးပွဲ စီစဉ်သူများက ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန် မာစာပေပြန့်ပွားရေးအသင်း၊ စာရေး ဆရာသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂ၊ ရန်ကုန် တက္ကသိုလ်မြန် မာစာဌာန၊ စာပေဗိမာန် စသော အသင်းအဖွဲ့များနှင့် အနယ် နယ်အရပ်ရပ်မှ မြန်မာစာပေရေးသား သူ၊ ဖတ်ရှုသူများ ပါဝင် ဆွေးနွေးကြ မည်ဖြစ်ပြီး ဆွေးနွေး ပွဲကို အောက်တို ဘာလအတွင်း ကျင်းပနိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကျင်း ပနိုင်ရေးအတွက် သက်ဆိုင်ရာ အသင်း အဖွဲ့များ၊ စာရေးဆရာများနှင့် အယ်ဒီ တာများ၊ ထုတ်ဝေသူများပါဝင်သော အကြိုညှိနှိုင်းအစည်းအဝေးကို သုံး လေးကြိမ်ခန့် ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁နာရီက Home မီဒီယာခန်းမတွင် အကြိုညှိနှိုင်းဆွေးနွေးပွဲ ပထမအကြိမ်ကို ကျင်းပခဲ့သည်။

အိမ်စည်စိုးစံ
Popular Myanmar News Journal

0 comments:

Post a Comment