Saturday, August 17, 2013

နယ်သာလန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Skyper မှ အသစ်မိတ်ဆက် ပေးလိုက်သော ကား ဖြစ်ပါတယ်။အရွယ်ငယ်ပြီး ပေါ့ပါးမှုကို အဓိကဦးစားပေးထားတဲ့ ယင်းအမိုးပွင့် ပြိုင်ကား ကို B6 Venator Skyper လို့ အမည် ပေးထားပါတယ်။ မြင်းကောင်ရေအား ၃၇၅ ဝန်းကျင် ထုတ်လုပ်ပေးနိုင်တဲ့ ပစ်စတင် ၆ လုံးပူး အင်ဂျင်ကို အသုံးပြု ထားပြီး အော်တိုဂီယာ ၇ ချက်ထိုး အမျိုးအစား ဖြစ်ပါတယ်။ ၂ ယောက် စီး ပြိုင်ကားတွေထဲမှာ အရမ်းမြန်တဲ့ စာရင်းထဲ မပါရှိပေမယ့် သူ့ရဲ့  top speed ကတော့ တစ်နာရီ မိုင် ၁၈၀ ကျော်ပါတယ်။ လက်ရှီ ပြသ ထားမှုက Concept အနေနဲ့သာ ရှိသေးပြီး ၂၀၁၅ မော်ဒယ်အဖြစ် ထုတ်လုပ်ရောင်းချ မှာ ဖြစ်ပါတယ်။ ဒီတော့ ထွက်ရှိမယ့်ကာလက ၂၀၁၄ ခုနှစ် နှစ်လယ်လောက် ဖြစ်မှာပါ။
ရည်ရွယ်တဲ့ ဈေးကွက်ကလည်း အမေရိကန်၊ အရှေ့ အလယ်အပိုင်း၊ အာရှ နဲ့ အိန္ဒိယတို့ ဖြစ်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁သိန်းခွဲ သတ်မှတ် ထားကြောင်း သိရပါတယ်။
Ref: autoblog
ColayAutomobile
0 comments:
Post a Comment