17.8.13

အိန္ဒိယ၏ နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော တရုတ်ကို တိုက်ခိုက်နိုင်စွမ်းရှိ

Saturday, August 17, 2013
Photo: အိန္ဒိယ၏ နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော တရုတ်ကို တိုက်ခိုက်နိုင်စွမ်းရှိ
Saturday, August 17, 2013

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော INS Arihant သည်
ရှန်ဟိုင်းနှင့် ပေကျင်းမြို့များ အပါအဝင် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း London Times သတင်းစာက ဖော်ပြခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

သြဂုတ် ၁ဝ ရက်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို INS Arihant ရေငုပ်သင်္ဘော၌ တပ်ဆင်ပြီးနောက် အဆိုပါ ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသော K-15 Sagarika ပဲ့ထိန်းဒုံး ၁၂ စင်းအနက် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော အဆိုပါ Sagarika ပဲ့ထိန်းဒုံးသည် ထိရောက်မှု အကွာအဝေး ၇ဝဝ ကီလိုမီတာ ရှိသောကြောင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများရှိ အဓိက ဆိပ်ကမ်းမြို့ များကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံ့ ကမ်းရိုးတန်းနှင့် အိန္ဒိယ သမုဒ္ဒရာရှိ ၎င်း၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် အတွက် Arihant အတန်းအစား နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော စုစုပေါင်း လေးစင်း တည်ဆောက်သွားရန် စီစဉ်ထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့ ကဲ့သို့သော ရန်ဘက် နိုင်ငံများကို ရင်ဆိုင် ကျော်လွှားရန် အနည်းဆုံး လေယာဉ်တင် သင်္ဘောအုပ် သုံးခု လိုအပ်မည်ဖြစ်ကြောင်း နယူးဒေလီမြို့ အခြေစိုက် India Times သတင်းစာ က ဖော်ပြခဲ့ကြောင်းလည်း သိရသည်။

မြ၀တီ

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော INS Arihant သည်
ရှန်ဟိုင်းနှင့် ပေကျင်းမြို့များ အပါအဝင် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း London Times သတင်းစာက ဖော်ပြခဲ့သည်ဟု သြဂုတ် ၁၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ သြဂုတ် ၁ဝ ရက်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို INS Arihant ရေငုပ်သင်္ဘော၌ တပ်ဆင်ပြီးနောက် အဆိုပါ ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသော K-15 Sagarika ပဲ့ထိန်းဒုံး ၁၂ စင်းအနက် တစ်စင်းကို စမ်းသပ် ပစ်လွှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော အဆိုပါ Sagarika ပဲ့ထိန်းဒုံးသည် ထိရောက်မှု အကွာအဝေး ၇ဝဝ ကီလိုမီတာ ရှိသောကြောင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများရှိ အဓိက ဆိပ်ကမ်းမြို့ များကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံ့ ကမ်းရိုးတန်းနှင့် အိန္ဒိယ သမုဒ္ဒရာရှိ ၎င်း၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရန် အတွက် Arihant အတန်းအစား နျူကလီးယား ပဲ့ထိန်းဒုံးတင် ရေငုပ်သင်္ဘော စုစုပေါင်း လေးစင်း တည်ဆောက်သွားရန် စီစဉ်ထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ အနေဖြင့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံတို့ ကဲ့သို့သော ရန်ဘက် နိုင်ငံများကို ရင်ဆိုင် ကျော်လွှားရန် အနည်းဆုံး လေယာဉ်တင် သင်္ဘောအုပ် သုံးခု လိုအပ်မည်ဖြစ်ကြောင်း နယူးဒေလီမြို့ အခြေစိုက် India Times သတင်းစာ က ဖော်ပြခဲ့ကြောင်းလည်း သိရသည်။

မြ၀တီ

0 comments:

Post a Comment